အလွမ်းရတု

91 5 0
                                    

သို့... တစ်ချိန်က အချစ်

အန်တီ ကျွန်မကိုသတိမရတာ
သေချာသလောက်ဖြစ်နေပြီ ဆိုပေမယ့်ကျွန်မ မမေ့နိုင်သေးလို့ စာရေးလိုက်ပါတယ်။ အစစအရာရာ အဆင်ပြေနေမယ်လို့ မှန်းဆရင်း ကျန်းမာရေးဂရုစိုက်ဖို့လည်း စိတ်ပူပေးနေမိပါတယ်။မိုးအေးရင်
အန်တီ့ကို ပိုပြီး သတိရတတ်တဲ့ ကျွန်မက၊ အခု မိုးအေးလို့ ထင်ပါတယ်၊
စိတ်ရူးပေါက်ပြီး လက်ခံသူရှိမှာ မဟုတ်တဲ့ စာတစ်စောင်ကို အသက်သွင်း နေမိတယ်။

"အမှတ်တရတွေကို လက်ချိုးရေရင်း
သက်တမ်းတွက်ကြည့်ရအောင် အန်တီ
ကျွန်မအလွမ်း ဘယ်ရတု တိုင်ခဲ့ပြီလဲ...".

                                                     Virens🐈

အန်တီ သို့...Donde viven las historias. Descúbrelo ahora