Hello!
ဒုတိယ တစ်ပုဒ်ပါ။ 😁
ဟိုဇာတ်လမ်းက အပိုင်းထောင်ချီဆိုတော့ ဖြည်းဖြည်းဆေးဆေး သွားကြရင်းနဲ့ ကြားထဲကနေ အပိုင်းနှစ်ရာကျော် ဇာတ်လမ်းလေးတစ်ပုဒ်ကို ထပ်ပြချင်ပါတယ်လို့။ဒီတခေါက် ဇာတ်လမ်းလေးကတော့ ထူးခြားပါတယ်။ ဘာသာပြန်ပါပဲ။ အိုင်လေး အရမ်းအရမ်းချစ်ရတဲ့ ဝထ္ထုတွေထဲက တပုဒ်ပေါ့။ အချိုတွေအစားများပြီး အီတောက်နေတဲ့ သဲတို့အတွက် မျက်ရည်နှာရည်ကျရမယ့် ရှူးရှဲချဉ်ငံစပ်လေးပါရှင်။ အစပ်စားပြီးမှ စားရတဲ့အချိုလေးက ပိုအရသာရှိတာမျိုးကိုးနော့်။ 😝
အလယ်ခေတ်ကို နောက်ခံထားတာပါ။ Game of Throne တို့ဘာတို့ ကြည့်ဖူးရင်သိပါလိမ့်မယ်။ အဲ့လိုခေတ်ပေါ့။ တိုင်းပြည်တွေအများကြီး ဘုရင်တွေ အများကြီးနဲ့ Brave ဆိုတဲ့ ကာတွန်းကားထဲကလို နောက်ခံမျိုးပေါ့။ ကျွန်စနစ် ထွန်းကားတယ်။ သက်ဦးဆံပိုင် ဘုရင်စနစ်ပေါ့။
Sadistic လို့တော့ မသတ်မှတ်ကြပါနဲ့နော်။ နည်းနည်းငိုရတဲ့ ဇာတ်လေးတွေကို ခုတလော အာတွေ့နေလို့ပါ။ HE ဆိုတာတော့ အာမခံပါတယ် စိတ်ချ။😉
မျက်လုံးထဲ မြင်လာအောင် ပုံလေးတွေ ကြိုးစားပန်းစား ရှာထားပေမယ့်လည်း လုံးဝ စိတ်တိုင်းကျတဲ့ပုံက သိပ်မတွေ့ဘူးရယ်။ Cover ဆိုရင်လည်း အဲ့အတိုင်းပဲ။ အဲ့တာမို့ နည်းနည်း အဆင်ပြေဆုံးလို့ ထင်တဲ့ ပုံလေးပဲ တင်ထားလိုက်ပါတယ်။
ပြီးတော့ ၁၈အပေါင်း အခန်းတွေပါတာမို့ ရှေ့မျက်နှာ နောက်ထားပြီး ပြန်ကြည့်ပါမယ်နော်။
ဒီ novel လေးမှာ ထူးခြားတာက အဲ့ထဲက Character တိုင်းက အသက်ဝင်လွန်းလို့ကို သူ့ဟာနဲ့သူ တဖြည်းဖြည်းနဲ့ ချစ်လာရတာ။ အကုန်လုံးကို ချစ်လည်းချစ် သနားလည်းသနားနဲ့ သူတို့ကိုယ်စားကိုယ်က ဝင်ခံစားပေးနေရတာပါ။ဒါလေးကိုလည်း ထုံးစံအတိုင်း ဖတ်ကြည့်မိရင် အဆုံးအထိ နောင်တမရပဲ တန်စေရမယ်လို့ အာမခံပါတယ်။ (Raping sense တွေ အလွှမ်းမိုးခံ Submissive သဘောတရားတွေနဲ့ allergy ရှိတဲ့လူတွေတော့ မဖတ်သင့်ပါဘူးနော်။)
Update ကတော့ ဟိုဇာတ်လမ်းကိုပဲ အရင်ဦးစားပေးမှာမို့ တပတ်ကို တပိုင်းတော့ သေချာပါတယ်။
YOU ARE READING
အရှင့် အမုန်းခံ ..ကျွန်..
Romanceရက်စက်လှတဲ့ ဘုရင်ကြီးတပါးရဲ့ တဦးတည်းသော သမီးတော် "ဒါနီကာ".. ........ ဘုရင်ကြီးရဲ့ နှိပ်စက်ကျွန်ပြုမှုကို နှစ်ပေါင်းများစွာ လူမဆန်စွာခံစားခဲ့ရတဲ့ အိမ်နီးချင်းတိုင်းပြည်က မင်းသားတပါး "လူစီယန်".. ........ လွတ်မြောက်ပြီးချိန် အင်အားအပြည့်နဲ့ လက်စားချေဖ...