5. မပျောက်ပျက်နိုင်သည့် တော်ဝင်မြင့်မြတ်ခြင်း အငွေ့အသက်များ

1.9K 50 3
                                    

နောက်နေ့မနက်....။
ဒါနီကာ သူမ၏ ကျွန် အဝတ်အစား တို့ကို ရရှိခဲ့သည်။ ထိုအရာက ဒူးဖုံးရုံသာရှိသည့် ခပ်တိုတို ဂါဝန်တထည်သာ။

ထိုအဝတ်အစားတို့ကိုသာ ဝတ်ဆင်လိုက်ပြီး သူမ၏ ဆံပင်တို့ကို သပ်ရပ်သွားစေရန် ပြုပြင်လိုက်သည်။ သူမအား မနက်စောစောပင် ကျွန်များ အလုပ်လုပ်ရသည့် မိုင်းကွင်းသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။

သူမ လမ်းလျှောက်လာစဉ် သူမ၏ ပြည်သူများအား တယောက်မျှပင် မတွေ့ခဲ့။ ထိုအစား ဆာလမ်ပြည်၏ အဆင့်နိမ့်ပါးသူများကိုသာ တွေ့နေခဲ့လေသည်။ မွန်ဘားနားပြည်သူများအား ရှင်ဘုရင် မည်သို့ပြုလိုက်ပါသနည်း။ သူမ စိတ်အတွင်းမှ ထပ်မံ၍ မေးခွန်းထုတ်နေမိသည်။

မိုင်းကွင်းသို့ သွားရာလမ်းတလျှောက်တွင် မြင်မြင်သမျှ လူတိုင်းက သူမအား ဝိုင်းကြည့်နေခဲ့ကြလေသည်။ ကျွန်အဝတ်အစား တို့ ဝတ်ဆင်ထားလျှက်နှင့်ပင် သူမသည် နန်းဆန်နေခဲ့သည်ပင်။

တော်ဝင်ခြင်းနှင့် မြင့်မြတ်မှုတို့က သူ့မဘေးတွေ ဝန်းရံနေသကဲ့သို့ပင်။ သူမ‌လမ်းလျှောက်ပုံမှာ တသက်လုံး သင်ကြားခံခဲ့ရသည့်အတိုင်း မင်းသမီးတပါးကဲ့သို့ ကျော့မော့စွာပင်။ သူမ၏ ဖြစ်တည်နေခြင်းကပင်လျှင် တော်ဝင်ခြင်းကို ဟစ်ကြွေးနေပါသလို။

ထိုအရာက သူမ တမင်ပြုလုပ်နေခြင်းပင်မဟုတ်။ သူမတကိုယ်လုံး စီးဆင်းနေခဲ့သည့် တော်ဝင်သွေးများကြောင့်သာ။ ဘုရင်လူစီယန် ကျွန်ဘဝသို့ ကျရောက်နေချိန်တွင် ဖြစ်တည်နေသကဲ့သို့ပင်။

သူမဝတ်ဆင်ထားသည့် ကျွန်အဝတ်အစား ကြောင့်သာမဟုတ်ပါက အနီးနားဖြတ်သွားသည့် ကျွန်များသည် မြင့်မြတ်သည့် မိသားစုမှ သခင်မလေးတပါးဟု ယူဆကာ သူမအား ဦးညွှတ်ကြမည်မှာ မလွဲ။ သို့သော်လည်း ကျွန်ဝတ်စုံကို မြင်လိုက်ချိန်တွင်တော့ ၎င်းတို့ စိတ်ထဲတွင် သူတို့အား လှောင်ပြောင်သည်ဟု ခံစားရကာ သူမအား မုန်းတီးကြတော့၏။

သူမသည် တချိန်က မင်းသမီးဒါနီကာဖြစ်ခဲ့ကြောင်း မသိသေးပါပဲနှင့်ပင် သူမအား မုန်းတီးကြလေသည်ပင်။

အရှင့် အမုန်းခံ ..ကျွန်..Where stories live. Discover now