4. ထင်ကျန်ရစ်ခဲ့ရပါသော အမာရွတ် 2

2.4K 57 1
                                    

ဘုရင်လူစီယန်၏ တံခါးဝထံတွင် တံခါးခေါက်သံ တချက်ထွက်ပေါ်လာပြီး ၎င်းက ဝင်ခွင့်ပေးလိုက်သည်။ ဘာဆာကီ ဝင်လာသည်။

"ကျွန်တော်မ သူ့ကို သူ့အခန်းသို့တိုင် ပို့ဆောင်ခဲ့လိုက်ပါပြီ။ ပြီးတော့ထပ်ပြီး...."

"ကျုပ် အသေးစိတ် မသိချင်ဘူး ဘာဆာကီ.. ကျုပ် စိတ်မဝင်စားဘူး.."

သူက ခပ်ပြတ်ပြတ်မိန့်သည်။ စာလိပ်ပေါ်တွင် စာအချို့ကိုသာ ရေးခြစ်နေရင်း..။

"ဟုတ်ကဲ့ပါ အရှင်.."

ဘာဆာကီမှ ချက်ချင်း ပြန်ဖြေသည်။

"ရမန်တာလေး ဘယ်လိုနေလဲ..?"

သူမ၏ သမီးအကြောင်း ညွှန်းလိုက်သည်နှင့် ဘာဆာကီ၏ မျက်ဝန်းတို့ နူးညံ့သွားရသည်။

"သက်သာပါတယ် အရှင်မင်းကြီး။ သူ့ရဲ့ နားတွေကတော့ ကောင်းမွန်တာတွေ သေချာမကြားနိုင်သေးပေမယ့် သူ ပိုကောင်းလာပါတယ် အရှင်.."

သူ ခေါင်းကို မော့ကြည့်လိုက်ရင်း..။

"ခုဆိုရင် သူ့အသက် ဘယ်လောက်တုန်း.."

"၁၅ နှစ်ပါ အရှင်.."

ဘုရင် လူစီယန် ခေါင်းငုံ့သွားသည်။

ဘာဆာကီ့ မျက်ဝန်းအိမ်ထဲ မျက်ရည်တို့ ပြည့်လျှမ်းလာရသည်။ ဘုရင်မင်းကြီး ဘာတွေးနေသည်ကို သူမကောင်းကောင်းသိပါ၏။ အဘယ်ကြောင့်ဆိုသော် ထိုအတွေးက သူမနေ့စဉ် တွေးနေမိသော အတွေးများသာဖြစ်သောကြောင့်ပင်။

သူမ၏ သမီးလေးသည် မိုဘားနားတိုင်းပြည်၏ လက်အောက်တွင် သူမလေး ခံစားလာရသည့် အဖြစ်အပျက်တို့အား တွေ့ကြုံခံစားဖို့နိုင်ရန် အလွန်တရာငယ်သေးခဲ့ပါသည်။ ထို့ကြောင့် ရမန်တာလေးသည် ထိုအတွေ့အကြုံတို့၏ ခါးသီးသည့် ရိုက်ခတ်မှုမှ ဘယ်သောအခါမျှ ပြန်လည် မလွတ်‌မြောက်သွားနိုင်တော့။

"ကြားရတာ ဝမ်းသာတယ်။ ပြီးတော့ 'ဗတ္တာ' ကို ကျုပ်ဆီလွှတ်လိုက်ပါ.."

ခပ်ပြတ်ပြတ် မိန့်တယ်။

ထ်ို အမည်ကို ညွှန်းဆိုလိုက်သည်နှင့် ဘာဆာကီ တချက် တောင့်သွားပြီး။

အရှင့် အမုန်းခံ ..ကျွန်..Where stories live. Discover now