နိဒါန်း

2.4K 70 1
                                    

ဟိုးရှေးရှေးတုန်းကပေါ့....။
အေးချမ်းစွာ ယှဉ်တွဲနေကြတဲ့ တိုင်းပြည်ကြီးနှစ်ပြည်ရှိတယ်တဲ့။ ဆာလမ် ဆိုတဲ့ တိုင်းပြည်ကြီးနဲ့  မွန်ဘားနား ဆိုတဲ့ တိုင်းပြည်ကြီးပေါ့။

တချိန်မှာတော့ မွန်ဘားနား ပြည့်ရှင်ဘုရင်ကြီးက နတ်ရွာစံသွားပြီးတော့ သူ့ရဲ့သားဖြစ်သူ မင်းသား 'ကုန်းန်' က အရိုက်အရာဆက်ခံပါရောတဲ့။

မင်းသား ကုန်းန် ဟာဆိုရင် အာဏာနဲ့ အင်အားကို အမြဲလိုလိုဆာလောင်နေတဲ့လူဖြစ်တယ်။

သူ့ အရိုက်အရာ ဆက်ခံပြီးသွားတဲ့ နောက်တော့ ဘုရင် ကုန်းန် ဟာ ဆာလမ်ပြည်ကို တိုက်ခိုက်ပါလေရော။

တိုက်ခိုက်မှုကို မမျှော်လင့်ထားခဲ့လေတော့ ဆာလမ်ပြည်ဟာ လုံးဝ ပြင်ဆင်ချိန်မရခဲ့ပါဘူး။ အဲ့တော့ သူတို့ဟာ ကာကွယ်ချိန်မရလိုက်ပဲ တိုက်ခိုက်ခံလိုက်ရပါတယ်တဲ့။ ဘုရင်ကြီးနဲ့ ဘုရင်မကြီး အသက်ခံလိုက်ရပြီး သူတို့ရဲ့သားတော် မင်းသားကတော့ ကျွန်အဖြစ် ခေါ်ဆောင်သွားခြင်း ခံခဲ့ရတာပေါ့။

စစ်ပွဲပြီးတော့ အသက်ရှင်ကျန်ခဲ့တဲ့ ဆာလမ်ပြည်သူတွေ အကုန်လုံးဟာလည်း ကျွန် အဖြစ်သွတ်သွင်းခြင်းခံလိုက်ရသလို၊ သူတို့ရဲ့ မြေယာတွေအကုန်လုံးဟာလည်း သိမ်းဆည်းခြင်း ခံလိုက်ရသတဲ့။ သူတို့ရဲ့ အမျိုးသမီးတွေ ကတော့ လိင်ကျွန်တွေ ဖြစ်ကုန်ကြတာပေါ့။ သူတို့ဟာ တိုင်းပြည်နဲ့အတူ အရာအားလုံးကို ဆုံးရှုံးလိုက်ရပါတယ်တဲ့။

ဆာလမ်ပြည်ရဲ့ မြေပြင်ဟာ ဘုရင် ကုန်းန်ကြောင့် နတ်ဆိုးရဲ့ ဝါးမြိုခြင်းကို ခံခဲ့ရပါတယ်။ ဆာလမ်ပြည်ရဲ့ အိမ်ရှေ့စံ မင်းသားဟာဆိုရင်လည်း ပို၍သော ရက်စက်ကြမ်းကြုတ်ခြင်းတို့ကို ခံစားခဲ့ရတာပေါ့။

အဲ့တာကြောင့်ပဲ ဆာလမ်အိမ်ရှေ့စံ၊ မင်းသား 'လူစီယန်' ဟာ သူ့ရဲ့ လက်စားခြေခြင်းကိုပဲ အမြဲနှလုံးသွင်း သစ္စာဆိုရင်း ကြံ့ကြံ့ခံနေခဲ့ပါသတဲ့။

...........................

10 နှစ်ကြာသွားတဲ့နောက်မှာတော့ အသက် သုံးဆယ် ရှိနေပြီဖြစ်တဲ့ မင်းသား လူစီယန်ဟာ သူ့လူတွေကို စုစည်းနိုင်ပြီး ပုန်ကန်မှုကြီး တခုနဲ့အတူ ကျွန် ဘဝက လွတ်မြောက်နိုင်ခဲ့တယ်။

အရှင့် အမုန်းခံ ..ကျွန်..Where stories live. Discover now