9. ပေးသနားချင်သော အခွင့်အရေး

1.7K 75 5
                                    

"တစုံတယောက်က အရှင့်ကို တွေ့ဆုံခွင့် တောင်းခံလာပါတယ်။ အရှင်မင်းကြီး.."

လူစီယန့် အဆောင်တော်အတွင်း လှမ်းဝင်လာရင်း ချက်ဒ်က ကြေငြာသည်။

သူက ယခုလေးတင် ရေးသားပြီးသည်ဖြစ်သည့် ‌စာချွန်လွှာအား ခေါက်ထည့်နေရင်းတန်းလန်းဖြစ်သည်။ ချက်ဒ်အား မော့ကြည့်လိုက်ရင်း..။

"ဘယ်သူလဲ.."

ချက်ဒ်က အနေရခက်ဟန်ဖြင့် ဟိုရွှေ့သည်ရွှေ့လုပ်လိုက်သညိ။

"သူက ထွက်သွားဖို့ အတင်းငြင်းဆန်နေလို့ပါ။  အဲ့မိန်းကလေးကို ထွက်သွားဖို့ ကျွန်တော်မျိုးတို့ တတ်နိုင်တဲ့ နည်းပေါင်းစုံနဲ့ ကြိုးစားပြီးပေမယ့်လည်း သူက အရှင့်ကို တွေ့မှဖြစ်မယ်လို့ တတွတ်တွတ်ပြောရင်း အတင်းရုန်းကန်နေလို့ပါ အရှင်။ လိုချင်တာ မရချင်း အသေခံပြီး တင်းခံမယ့်အထိ ခေါင်းကြောမာလွန်းပါတယ်.."

"အင်း.."

လူစီယန်က တွေးနေဟန်ဖြင့် သူ့မေးစေ့ကို ပွတ်နေရင်း မျက်မှောင်ကျုံ့လိုက်သည်။ ထို့နောက် ထရပ်လိုက်ပြီး တံခါးဆီသို့ ခြေလှမ်းကျယ်ကြီးများဖြင့်လျှောက်လှမ်းလိုက်သည်။

"အဲ့ဒီ့မိန်းကလေးက ဘယ်သူလဲ ကြည့်ရအောင်.."

ချက်ဒ်က သူ့နောက်ပါးမှ အတူတကွ လိုက်လျှောက်လာခဲ့လေသည်။ တော်ဝင်နန်းတော်၏ ကြီးမားလှသည့် အခန်းကျယ်ကြီးကို ကျော်ဖြတ်ပြီးသည့်နောက်တွင်တော့ နန်းတော် ဝင်ပေါက်ဆီသို့ ဦးတည်လိုက်ကြသည်။

ကျွန်များနှင့် အစေခံများက သူ့သွားရာ လမ်းတလျှောက်လုံး အရိုအသေပြု ဦးညွှတ်ကြသည်။ တချို့ဆိုလျှင် လေးစားစွာဖြင့် လှမ်း၍ပင် နှုတ်ဆက်ကြသေးသည်။

နန်းတော်ဝင်ပေါက်သို့ ဦးတည်သည့် လျှောက်လမ်းဆီသို့ ဝင်လိုက်သည်နှင့် အချေအတင် ပြောဆိုနေကြသံများကို ကြားလိုက်ရလေသည်။ အစောင့်များက ထိုမိန်းကလေးအား ထွက်သွားရန်း အတင်းတွန်းလွှတ်နေပါသော်လည်း သူမက ရုန်းကန်ရင်း ဘုရင်မင်းမြတ်အား တွေ့ခွင့်ပြုပါရန် သနားစဖွယ် မရမက တောင်းပန် တိုးလျိုးနေသည်ပင်။

အရှင့် အမုန်းခံ ..ကျွန်..Where stories live. Discover now