ဘုရင်၏လာရောက်ကြည့်ရှုခြင်းအမှု ပြီးဆုံးသွားသည်နှင့် ဒါနီကာ့ကို အချုပ်ခန်းထဲမှ လာရောက်ခေါ်ဆောင်သွားကြသည်။ သူမ၏ တိတ်ဆိတ်ကာအေးစိမ့်နေသည့် အချုပ်ခန်းမဟုတ်သော နေရာများကို နောက်တကြိမ် ထပ်မံမြင်တွေ့ခွင့်ရသည့်အတွက် ခံစားရပိုသက်သာလာခဲ့သည်မှာ မငြင်းနိုင်။
သို့ပေမယ့်လည်း တပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အပြင်သို့ ခေါ်ထုတ်ခံရခြင်း၏ အကြောင်းအရင်းကို ပြန်သတိရသွားသည့် အချိန်တိုင်း သူ့မ၏ နှလုံးတို့ အလွန်အမင်းခုန်ပေါက်သွားရတော့သည်။
သူမကို ရေချိုးကန်ထဲသို့ ထည့်ပေးပြီး ဘုရင်ညွှန်ကြားခဲ့သည့်အတိုင်း အထိန်းတော်များက ရေချိုးသန့်စင်ပေးကြသည်။ ရယ်စရာပင်ကောင်းသေးတော့သည်။ အထိန်းတော်များက ကျွန် တယောက်ကို ရေချိုးသန့်စင်ပေးနေကြသည်ပင်။
သို့သော်လည်း ထို ဘုရင့်ကျွန်၏ ဦးတည်ရာနေရာသည် ရှင်ဘုရင်၏ အိပ်ဆောင်တော် ဖြစ်နေသည်အခါတွင်တော့ ထိုကိစ္စသည် သိပ်ပြီးမထူးဆန်းတော့။
သူမကို ရေချိုးသန့်စင်ခြင်းအမှုတွင် အထိန်းတော် သုံးယောက်ပါဝင်သည်။ ထိုသူများ ထဲတွင်မှ ခေါင်းဆောင်သည်က 'ဘာဆာကီ' ။
သူမ၏ ဆံနွယ်တို့ကို ဖြေချပြီး ရှုပ်ထွေးနေသည်တို့ကို ဖီးသင်ပေးသည်။ ရှည်လျားပြီး လှပလှသည့် ဆံနွယ်ခွေများသာ ကျန်သည်အထိ။ ထိုသူတို့ ဆင်ပေးသည့် အဝတ်များကမူ ဒါနီကာကို ရွံ့ဆုတ်သွားစေသည်။
ထိုအရာများက အဝတ်ဟု ခေါ်ဆိုနိုင်ရုံလေးသက်သက်သာ။ အဝတ်အစား ကင်းမဲ့နေသည့်နှင့် သိပ်မခြား။ သူမ၏ တင်သားတို့ကို ဖုံးနိုင်ရုံသာရှိမည့် အနီရောင် သားရေစကဒ်နှင့် သူမ၏ ရင်သားထိပ်တို့ကို ဖုံးကာနိုင်ရုံ ဗိုက်သားတို့ကို လှစ်ဟထားသည့် အပေါ်ဝတ်တို့သာ။
ထို့နောက်တွင်တော့ ထိုအရာများကို ဖုံးကွယ်နိုင်ရန် ဝတ်ရုံရှည် တထည်ကို အပေါ်မှထပ်၍ ဝတ်ဆင်စေလိုက်ကြသည်။ အမွှေးနံ့သာများ ပတ်ဖြန်းပေးသည့်အမှုဖြင့် အဆုံးသတ်လိုက်တော့သည်။
"အားလုံးပြီးပြီ.."
ဘာဆာကီက ကြေညာသည်။
ဒါနီကာ သူမကိုယ်သူမ မှန်ထဲတွင် ကြည့်လိုက်မိချိန်တွင်တော့ ခေတ္တခဏမျှ သူမကိုယ်ကိုယ်ပြန်မြင်လိုက်ရသကဲ့သို့ပင်။
....မင်းသမီးလေး ဒါနီကာ...
YOU ARE READING
အရှင့် အမုန်းခံ ..ကျွန်..
Romanceရက်စက်လှတဲ့ ဘုရင်ကြီးတပါးရဲ့ တဦးတည်းသော သမီးတော် "ဒါနီကာ".. ........ ဘုရင်ကြီးရဲ့ နှိပ်စက်ကျွန်ပြုမှုကို နှစ်ပေါင်းများစွာ လူမဆန်စွာခံစားခဲ့ရတဲ့ အိမ်နီးချင်းတိုင်းပြည်က မင်းသားတပါး "လူစီယန်".. ........ လွတ်မြောက်ပြီးချိန် အင်အားအပြည့်နဲ့ လက်စားချေဖ...