8. ကိုယ်ချင်းစာနာခြင်း

2.1K 92 11
                                    

တော်ဝင်ရုံးတော်မှ သူတို့လမ်းလျှောက်ထွက်လာချိန်မှစ၍ သူ၏ခန်းဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည့်တိုင်အောင် ဒါနီကာမှာ သူ့ဝတ်ရုံအား မလွှတ်စတမ်း ဆုပ်ကိုင်ထားလျှက် သူ့နောက်မှသာ ထပ်ကြပ်မကွာ လိုက်လာနေခဲ့ဆဲပင်။

နှစ်ယောက်တည်းဖြစ်သွားချိန်တွင်တော့ သူက တံခါးကို ဂျက်ချလိုက်ပြီး သူ့မဘက်သို့ မျက်နှာမူလိုက်သည်။ မျက်နှာသွင်ပြင်က ပုံမှန်ထက်ပင်ပို၍ ရှိန်စရာ လန့်စရာကောင်းနေပေသည်။

"ကျေးဇူးကြီးပါတယ်..အ---"

"စားပွဲဆီသွား..။ လှဲချစရာမလိုဘူး..။ ကျောပေးပြီးမှောက်နေ.."

သူက လေသံခပ်ပြတ်ပြတ်ဖြင့် အမိန့်ပေးလာသည်။ သူ၏ခံစားချက်ကင်းမဲ့နေသည့် မျက်နှာပေါ်တွင် အမည်းရောင် အရိပ်များက ပိုတိုး၍ လွှမ်းလာသယောင်။

သူ့အမိန့်အတိုင်း ဒါနီကာ ပြုမူလိုက်သည်။ ခန္ဓာကိုယ်လေးမှာတော့ ရုံးတော်တွင် ဖြစ်ပျက်မည့်ဆဲဆဲ သို့မဟုတ် သူ လက်မတင်လေး ကယ်တင်လာခဲ့သည့် အတွေ့အကြုံကြီးကြောင့် မထိန်းနိုင်အောင် တုန်ယင်နေဆဲပင်။

ယခုအချိန်တွင်တော့ သူမအနေဖြင့် သူခိုင်းစေသမျှ ဘယ်အရာကိုမဆို ကျေးဇူးတင်စွာ လုပ်ပေးမည်သာဖြစ်သည်။ စားပွဲခုံအား တုန်ရီနေသည့် လက်အစုံဖြင့် တင်းကြပ်စွာ ကိုင်ထားမိရင်း မျက်လုံးကိုသာ မှိတ်ထားမိသည်။

သူက သူမနောက်သို့ ရောက်လာပြီး သူ့လက်ချောင်းတို့အား သူမ၏ အထဲသို့ ထိုးသွင်းစမ်းသပ်လိုက်သည်။ သူမ စိုစွတ်မနေသည်ကို တွေ့ရှိသွားသည့်နောက်တွင်တော့ မျက်မှောင်တို့က ပို၍ထင်းသွားတော့သည်။ တော်ဝင်ရုံးတော်ရှိ လိင်စိတ်ကြွဖွယ် မြင်ကွင်းများ အပြုအမူများအား တွေ့ကြုံလာရပြီးသည့် အချိန်တွင်တောင်မှ သူမက တစိုးတစိမျှ စိုစွတ်မနေပေ။

သူမကိုယ်တွင်းသို့ ထည့်သွင်းပြီး သူ့အင်္ဂါပေါ်တွင်လည်း သုတ်လိမ်းနေသည့် အရည်တမျိုးက မည်ကဲ့သို့ ရောက်ရှိလာသည်ကို ဒါနီကာ မသိပါ။ သူက သူ၏အဝတ်အစားတို့အား လုံးဝ မချွတ်ခဲ့သလို ဒါနီကာကလည်း သူနှင့်ဆန့်ကျင်ဘက်သို့မျက်နှာမူနေခဲ့ရသည်ပင်။ သူ၏ ထောင်မတ်နေသည့် ထိုအရာကိုသာမက မည်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းကိုမျှ သူမမမြင်နိုင်ခဲ့ပေ။

အရှင့် အမုန်းခံ ..ကျွန်..Where stories live. Discover now