သူ၏ အသက်ကင်းမဲ့နေသော မျက်ဝန်းများက ဒါနီကာနှင့် ပြန်ဆုံသွားသည်။
"မင်း ဆိုတဲ့ ဒါနီကာ တယောက်တည်းနဲ့ မလုံလောက်နိုင်ဘူး။ ဒါပေမယ့်လည်း မင်းလုပ်ရမယ်။ ခုချက်ချင်း အောက်ခံအဝတ်တွေ ဖယ် .."
ဒါနီကာ၏ နားအစုံသည် သူပြောခဲ့သည့် စကားများဖြင့် ဆူညံနေဆဲသာရှိသေး၏။ သူမ၏မျက်လုံးတို့သည်လည်း မျက်ရည်များဖြင့် ပြည့်နှက်လို့နေဆဲ။ ဘာကြောင့်များ သူမ၏ ခမည်းတော်သည် ဤအရာများကို ပြုခဲ့ရသနည်း။ ဘယ်အတွက်ကြောင့်များ အာဏာချဲ့ထွင်ရသည်ကို စွဲလမ်းနှစ်ခြိုက်ခဲ့ရပါသနည်း..။
တုန်ရီနေသော လက်အစုံတို့ဖြင့် သူမ အတွင်းဝတ်တို့ကို ဖယ်ရှားနေမိတော့သည်။ ထို့နောက်တွင်တော့ ထိုသူ၏ရှေ့မှောက်တွင် ကိုယ်ခန္ဓာဗလာကျင်းလျှက် ရပ်နေရသည့်အခြေအနေ။
ဤညတွင်တော့ သူမ၏ အပျိုစင်ဘဝအား သူမသိခဲ့သမျှထဲ အလွန်အေးစက်ဆုံးသော လူ၏ လက်ထဲတွင် အရက်စက်ဆုံးသောနည်းလမ်းဖြင့် ဆုံးရှုံးရပေလိမ့်မည်။
သို့သော်လည်း သူမ၊ ဂုဏ်သိက္ခာဖြင့် ကြံ့ကြံ့ခံရပေမည်။ သူမသည် မင်းသမီးယောက်ဖြစ်၏။ မဟုတ်သေး မင်းသမီးတယောက် ဖြစ်ခဲ့ဖူး၏။ သူမသည် တော်ဝင်သွေးဖြင့် မွေးဖွားလာခဲ့သည်။ ဂုဏ်သိက္ခာကို ထိန်းသိမ်းသည့် တော်ဝင်အမျိုးသမီးတစ်ဦးဖြစ်စေရန် တသက်လုံး လေ့ကျင့်ပေးခြင်း ခံလာရသူဖြစ်သည်။
သို့သော်လည်း ယခုဖြစ်ရပ်သည်ကတော့ သူမ၏ ကံကြမ္မာသာဖြစ်ပြီး လွတ်မြောက်ဖို့ လမ်းမရှိ။ ထို့ကြောင့် သူမ ခေါင်းကို မော့ထားလိုက်ရင်း နောက်ထပ်ရောက်ရှိလာမည့် သူ၏ အမိန့်ကို စောင့်စားနေလိုက်သည်။
"အိပ်ရာပေါ်တက်၊ မျက်နှာကို အောက်စိုက်ပြီး ခြေထောက်တွေကိုကားထား.."
သူ့မျက်လုံးတွေထဲ အမူအရာတို့နတ္ထိ။ အမုန်းသက်သက်သာ။
သူမ အိပ်ရာပေါ်သို့တက်ကာ မျက်နှာကို အိပ်ရာပေါ်မှောက်လိုက်ပြီး ခြေနှစ်ချောင်းကို ချဲထားလိုက်သည်။ မျက်လုံးအစုံတို့ကို တင်းတင်းမှိတ်ထားရင်း မဖိတ်ခေါ်ချင်ခဲ့ပါသည့် ထိုအရာကို စောင့်စားနေမိသည်။ ထောက်ထားသည့် လက်မောင်းတို့ကတော့ အနည်းငယ် တုန်ရီလျှက်။
YOU ARE READING
အရှင့် အမုန်းခံ ..ကျွန်..
Romanceရက်စက်လှတဲ့ ဘုရင်ကြီးတပါးရဲ့ တဦးတည်းသော သမီးတော် "ဒါနီကာ".. ........ ဘုရင်ကြီးရဲ့ နှိပ်စက်ကျွန်ပြုမှုကို နှစ်ပေါင်းများစွာ လူမဆန်စွာခံစားခဲ့ရတဲ့ အိမ်နီးချင်းတိုင်းပြည်က မင်းသားတပါး "လူစီယန်".. ........ လွတ်မြောက်ပြီးချိန် အင်အားအပြည့်နဲ့ လက်စားချေဖ...