11.အတိတ်၏ အရိပ်

1.9K 102 22
                                    

ညဉ့်က တဖြည်းဖြည်းနက်လာလေပြီ.. ။

ဒါနီကာ ရေတွင်းထဲမှရေဆွဲတင်နေသည်ကို စောင့်ကြည့်နေသည်က ဗတ္တာ။
အနီးနားတွင် မည်သူမျှမရှိ။
ဗတ္တာမှာ ထိုမိန်းမအား ကြည့်နေရရုံသက်သက်လေးနှင့်ပင် သူမတကိုယ်လုံး ဒေါသအမျက်တို့ဖြင့် ပြည့်နှက်နေရလေပြီ။

အဘယ်ကြောင့်များ ကျွန်အဝတ်အစားသက်သက်သာ ဝတ်ဆင်ထားသည့် မိန်းမတယောက်သည် ကြိုးစားအားထုတ်စရာ အနည်းငယ်မျှပင် မလိုအပ်ပါပဲ တော်ဝင်အငွေ့အသက်တို့ ဖုံးလွှမ်းနေရပေသနည်း..။

ထိုသည်က ဗတ္တာအား အလွန်အမင်းပင် ဒေါသထွက်နေစေခြင်းပေ။
သူမမှာတော့ ယခုလိုမျိုး ကိုယ်လုပ်တော်တယောက်၏ အရှိန်အဝါမျိုး ရရန်ပင်လျှင် မနည်း ကြိုးစားခဲ့ရသည် မဟုတ်ပါလား။ တချို့သောအချိန်များတွင်ပင် မှန်ကြည့်လိုက်မိတိုင်း မှန်ထဲတွင် မြင်ရသည်က သူမ တသက်လုံးဖြစ်တည်ခဲ့သည့် ကျွန်မ တယောက်အသွင်သာ။

မဟုတ်ပါ...။
သူမသည် ထိုကျွန်မလေး မဟုတ်တော့..။
လုံးဝ မဟုတ်နိုင်တော့..။

ဒါနီကာ တယောက် ရေအိုးကို ခေါင်းပေါ်ရွက်လိုက်ပြီး လမ်း‌စလျှောက်လာသည်ကို စောင့်ကြည့်နေလိုက်သည်။ အနားသို့ ရောက်လာသည်နှင့် အရိပ်ထဲမှ ထွက်လာပြီးလျှင် လမ်းပေါ်သို့ ခြေထောက်တချောင်း ထိုးခံလိုက်တော့၏။

ဒါနီကာမှာ ယိမ်းယိုင်ကာ လဲကျသွားရလေသည်။ရေအိုးမှာ အစိတ်စိတ်အမြွှာမြွှာကွဲသွားရပြီး မြေကြီးပေါ် လက်ထောက်ရက်သားလေးဖြင့် ညည်းညူလိုက်မိသည်။

ဗတ္တာက ကိုယ်ကိုကိုင်းလိုက်ပြီး သူမဆံပင်အား ဆောင့်ဆွဲလိုက်ရင်း...။

"ဟဲ့ ကျွန်မ လမ်းသွားရင် ကြည့်သွားလေ.."

ဒါနီကာက ခေါင်းမော့လိုက်ရင်း သူမအား ပြန်ကြည့်လိုက်ကာ..။

"အသင်က ကျွန်ုပ်ကို ခြေထိုးခံလိုက်တာလေ.."

ခပ်ပြတ်ပြတ်ပြန်ပြောလိုက်‌လေသည်။

ဗတ္တာတယောက် ဒေါသအမြတ်ချောင်းချောင်း ထွက်သွားရပြီးလျှင် ဒါနီကာ့ မျက်နှာအား ခပ်ပြင်းပြင်း တချက်ဖြတ်ရိုက်လိုက်တော့သည်။

အရှင့် အမုန်းခံ ..ကျွန်..Where stories live. Discover now