ဒါနီကာ ဘုရင့်အဆောင်တော်သို့ ငါးမိနစ် အတိအကျတွင် ရောက်သွားခဲ့သည်။ တံခါးခေါက်လိုက်သည်တွင် ဘုရင့်ထံမှ ဝင်ခွင့်ပြုသည့်အသံကြားရပြီးနောက် သူမ ဝင်သွားခဲ့တော့သည်။
ထုံးစံအတိုင်းပင် ထိုသူက စားပွဲနောက်တွင်ထိုင်ရင်း စာလိပ်များအား ရေးခြစ်နေလျှက်။ သူမဝင်လာသည့်အချိန်တွင် သူက တချက်မျှပင် မော့မကြည့်ခဲ့ပေ။
"ဒူးထောက်..."
သူ၏ ငှက်မွှေးကလောင်တံထိပ်အား မင်ရည်တို့လိုက်သည်။
ဒါနီကာ ဒူးထောက်လိုက်ပြီး ခေါင်းကိုငုံ့ထားရင် မြေပြင်ဆီ ဝတ်တွားလိုက်သည်။
"ဒီကိုလာခဲ့.."
သူမ ဒူးထောက်လျက်သားဖြင့် သူ့ထံပါးသို့ တွားသွားလိုက်သည်။ သူ့ဘေးသို့ ရောက်သွားသည့်အချိန်တွင် သူမ၏ ဒူးတို့ အနည်းငယ်နာကျင်နေပြီပင်။ သို့သော်လည်း သူမသည် လိမ်လိမ်မာမာဖြင့် ကျွန်ကောင်းတယောက်သဖွယ်ပြုမူရန် ဆုံးဖြတ်ထားခဲ့ပြီးမဟုတ်ပါလား။
သူက ရေးလက်စ ပေစာလိပ်အား မြှောက်ကိုင်လိုက်ပြီး ဘေးသို့ ညင်သာစွာ ချလိုက်သည်။ ထို့နောက် အသစ်တလိပ်အား ကောက်ကိုင်လိုက်ရင်း..။
"အဝတ်ချွတ်.."
သူမ၏လက်တို့က အရှေ့သို့ရောက်လာပြီး ကျွန်ဝတ်စုံ၏ ကြယ်သီးများအား စတင်၍ဖြုတ်လိုက်လေသည်။ တလုံးပြီး နောက်တလုံး..။
အားလုံးကုန်သွားသည်အထိ။အဝတ်တို့အား ခေါင်းပေါ်မှနေ၍လှန်ချွတ်လိုက်ပြီး မြေကြီးပေါ်သို့ ပုံချလိုက်သည်။ ထို့နောက် အတွင်းဝတ်များကိုပါ တပါတည်း..။
သူမ သူ၏ရှေ့မှောက်တွင် အဝတ်ဗလာဖြစ်သွားပြီးသည့်နောက် ခေါင်းကိုငုံ့ရင်းသာ စောင့်ဆိုင်းလျှက်။
နောက်ဆုံးတွင်တော့ သူက သူမအား ကြည့်လာတော့သည်။ သူ၏မျက်လုံးများက သူမပေါ်တွင် စက္ကန့်ပိုင်းမျှသာ ဝေ့ဝဲသွား၏။ သူမ၏ အလွန်တရာအမိန့်နာခံနေမှုနှင့် ကျွန်ကောင်းတယောက်သဖွယ်ပြုမူနေပုံကို အနည်းငယ် အံ့ဩသွားဟန်ရှိသော်လည်း မျက်နှာပေါ်တွင်တော့ လုံးဝ ပြသခြင်းမရှိ။
YOU ARE READING
အရှင့် အမုန်းခံ ..ကျွန်..
Romanceရက်စက်လှတဲ့ ဘုရင်ကြီးတပါးရဲ့ တဦးတည်းသော သမီးတော် "ဒါနီကာ".. ........ ဘုရင်ကြီးရဲ့ နှိပ်စက်ကျွန်ပြုမှုကို နှစ်ပေါင်းများစွာ လူမဆန်စွာခံစားခဲ့ရတဲ့ အိမ်နီးချင်းတိုင်းပြည်က မင်းသားတပါး "လူစီယန်".. ........ လွတ်မြောက်ပြီးချိန် အင်အားအပြည့်နဲ့ လက်စားချေဖ...