ဒါနီကာ သူမရဲ့ အချုပ်ခန်းလေးထဲတွင် ကျုံ့ကျုံ့လေး ထိုင်နေသည်။ အေးစက်မှုက လွဲ၍ မည်သည်မျှ မရှိသည့် အချုပ်ခန်း။
သူမ ဒီကိုရောက်နေသည်မှာ တပတ်။ သူမ အလွန်အမင်းကို တောင့်တနေမိသည်က 'အပြင်'...။ ထောင့်တနေရာတွင် ခပ်စုတ်စုတ်အိပ်ရာတစ်ခုကလွဲပြီး ဘာမှမရှိသည့်၊ အေးစိမ့်ပြီး လူသူမရှိသည့် ဤနေရာ၊ ဤနေရာ၏ အပြင်ဘက် မည်သည့်နေရာကိုမဆို။
တပတ်တိတိကြာသော်လည်း ယခုထိ သူမကို ဖမ်းခေါ်လာသူနှင့် မတွေ့ရသေး။ ယခုချိန်တွင်တော့ ထိုလူသည် သူမထံလျှောက်လာရင်း သူမ မြင်ဖူးသမျှထဲ အေးစက်ပြီး ကြောက်စရာအကောင်းဆုံး မျက်လုံးများနှင့် ကြည့်ရင်း သူမ လည်ပင်းနားဆီတွင် ကော်လာ(လည်ပတ်) တစ်ခု တပ်ပေးသွားခဲ့သည်။
သူ၏ကျွန်....
သူ၏ပိုင်ဆိုင်မှု....
သူမကို အဲ့လိုအမည်တပ်လေသည်။ဒါနီကာ၏ လက်မောင်းတလျှောက် အေးစိမ့်သွားရသည်။ သူမ တဘဝလုံး မည်သူတဦးတယောက်ရဲ့ မျက်လုံးဆီကမှ အခုမြင်နေရတဲ့ မုန်းတီးမှုမျိုး မမြင်ခဲ့ဖူးပါပဲလေ။
ဘုရင် "လူစီယန်"က သူ့မကိုမုန်းသည်။ အလွန်အမင်းကိုမှ။
ဒါနီကာကလည်း ထိုသို့မုန်းရခြင်း၏ အကြောင်းအရင်းခံကို ကောင်းကောင်းသိသည်ပဲ။
လွန်ခဲ့တဲ့ တပတ်ကအထိ သူမသည် မင်းသမီး ဒါနီကာ။ မွန်ဘားနားဘုရင် "ကုန်း" ၏ သမီးတော်။ လူတကာရဲ့ လေးစား ကြောက်ရွံမှုကို ခံရသူလေး။
ဘယ်လိုလူကမှ သူမကို နှစ်ခါပြန်မကြည့်ရဲခဲ့။ သူမ ခမည်းတော်မြင်ခဲ့ပါက ရှိသည့်အသက်လေးပါသွားမှာ နှမြောသော လူတွေအကုန်လုံးသည် သူမနှင့်မျက်လုံးချင်းဆုံအောင် မကြည့်ရဲ။ သူမလျောက်နေသည့် လမ်းကြောင်းမှာ ယှဉ်ပြီးမလျှောက်ရဲခဲ့။
ယနေ့တွင်တော့ သူမဖခမည်းတော်လည်း အသတ်ခံသွားရပြီးဖြစ်သလို သူမ၏တိုင်းပြည်သည်လည်း ရက်စက်ကြမ်းကြုတ်လှသည့် ဘုရင် လူစီယန်၏ သိမ်းပိုက်ခြင်းကို ခံထားရပြီးဖြစ်နေသည်။ သူမသည်ပင်လျှင် ထိုသူ၏ ကျွန် ဘဝ သို့ သတ်မှတ်ခံရပြီးလျှက်သား။
...........
....
YOU ARE READING
အရှင့် အမုန်းခံ ..ကျွန်..
Romanceရက်စက်လှတဲ့ ဘုရင်ကြီးတပါးရဲ့ တဦးတည်းသော သမီးတော် "ဒါနီကာ".. ........ ဘုရင်ကြီးရဲ့ နှိပ်စက်ကျွန်ပြုမှုကို နှစ်ပေါင်းများစွာ လူမဆန်စွာခံစားခဲ့ရတဲ့ အိမ်နီးချင်းတိုင်းပြည်က မင်းသားတပါး "လူစီယန်".. ........ လွတ်မြောက်ပြီးချိန် အင်အားအပြည့်နဲ့ လက်စားချေဖ...