သူမထံသို့ ဘုရင် ဆောင်တော်ကူးလာခဲ့သည့် ညပြီးသည့်နောက်၊ ငါးရက်မြောက်သော မနက်တွင် ဒါနီကာမှာ အိပ်ရာမှ ထကာ မိုင်းကွင်းသို့ သွားနိုင်ရန် အဆင့်သင့် ဖြစ်နေလေပြီ။
အိပ်ရာထပြီးလျှင် ကိုယ်လက်သန့်စင်၊ ကျွန်အထိမ်းအမှတ် တူညီဝတ်စုံအား ဝတ်ဆင်ပြီးလျှင် ဆံပင်ကို သပ်ရပ်အောင်ပြုပြင်လိုက်၏။ ထို့နောက် ကြေးမုံပြင်၌ ထင်ဟပ်နေသည့် သူမ၏ ရုပ်ပုံလွှာအား ငေးမောကြည့်နေမိတော့သည်။ သူမယခုအချိန်တွင် ဖြစ်တည်နေရသည့် အသွင်အပြင်ကိုပင်။
မင်းသမီးတပါးအဖြစ်ဖြင့် နှစ်ဆယ့်တနှစ်ကြာ နေထိုင်ခဲ့ရပါသော်လည်း ရုတ်တရက်ဆိုသလို ကျွန်တယောက်ဘဝနှင့် အသက်ရှင်နေရလေပြီ။ ကျွန်များတွင်မှ သူမ၏ ဖခင်ကြောင့် လူတကာက မုန်းတီးစက်ဆုပ်ခြင်းကို ခံရပါသော ကျွန်တယောက်သာ။
သက်ပြင်းကိုသာချလိုက်ရင်း ကြေးမုံပြင်ရှေ့မှလှည့်ထွက်ကာ သူမ၏ ဖိနပ်တစုံအား အခန်းတွင်း၌ လှည့်ပတ်ရှာနေလိုက်တော့သည်။
ဤနေ့သည် ရက်များအတော်ကြာမှ မိုင်းကွင်းသို့ ပြန်သွားရမည့် ပထမဆုံးနေ့ မဟုတ်ပါလား။ တွေးကြောက်နေမိသည်က ကျွန်ထိန်း ကရန်ဒီကိုသာ။ သူ၏ တောင်းဆိုမှုအား သူမအနေဖြင့် ပြန်လည်ဖြေကြားခြင်းမပြုရသေးပေ။
ထိုလူယုတ်၏ လက်တို့က သူမ၏ကိုယ်ပေါ်သို့ ရောက်ရှိနေသည်ကို တွေးလိုက်မိတိုင်း နာကြင်မှု၊ ပြစ်ဒဏ် နှင့် အရှက်တကွဲစော်ကားခံရခြင်းတို့ကိုသာ ခံစားနေမိတော့သည်။ မည်ကဲ့သို့ လုပ်ရတော့မည်ကိုလည်း မသိတော့ပါချေ။
"...ဘယ်မှာပါလဲ..!!
..အိုး...ကျမရဲ့ မင်းသမီးလေး ဘယ်ရောက်နေပါလဲ..!!"ရုတ်တရက် အပြင်ဘက်မှနေ၍ ရင်းနှီးလှသော အသံတခုကို ကြားလိုက်ရ၏။
"ဆယ်လီ?? ..."
ဒါနီကာမှာ ဖိနပ်ရှာနေခြင်းကို ချက်ချင်းရပ်လိုက်ပြီး အခန်းပြင်သို့ ပြေးထွက်သွားတော့သည်။
တံခါးကို ဆွဲဖွင့်လိုက်ပြီးချိန်တွင်တော့..
လန့်ဖြတ်သွားရသဖြင့် ပင့်သက်တခုသာရှိုက်လိုက်နိုင်လေသည်။ အဘယ့်ကြောင့်ဆိုသော် သူမမြင်တွေ့နေရသည့် မြင်ကွင်းက အိပ်မက်လား တကယ်လား မသေချာ၍ပင်။
YOU ARE READING
အရှင့် အမုန်းခံ ..ကျွန်..
Romanceရက်စက်လှတဲ့ ဘုရင်ကြီးတပါးရဲ့ တဦးတည်းသော သမီးတော် "ဒါနီကာ".. ........ ဘုရင်ကြီးရဲ့ နှိပ်စက်ကျွန်ပြုမှုကို နှစ်ပေါင်းများစွာ လူမဆန်စွာခံစားခဲ့ရတဲ့ အိမ်နီးချင်းတိုင်းပြည်က မင်းသားတပါး "လူစီယန်".. ........ လွတ်မြောက်ပြီးချိန် အင်အားအပြည့်နဲ့ လက်စားချေဖ...