အခန်း(၁)လမ်းပြ(၁)
[အခြားကမ္ဘာမှ ကြိုဆိုပါတယ်]
အေးစက်စက်အသံတစ်ခုက ဝမ်ချင့်၏အသိစိတ်ကို ပြန်လည်ဆွဲယူလိုက်တယ်။သူက ခေါင်းတစ်ချက်မော့ကြည့်ပြီး တစ်ခုခုပြောဖို့ပါးစပ်ဖွင့်လိုက်ပေမဲ့ ရုတ်တရက်လေအေးတွေက အလုအယက်တိုးဝှေ့ဝင်ရောက်လာတယ်။
ဝမ်ချင့်က ချောင်းနှစ်ကြိမ်ဆိုးလိုက်ပြီး မဝေးသည့်နေရာက သံမဏိဘောင်တွေနှင့်ဖွဲ့စည်းထားသည့် ကြေငြာစာလုံးကြီးတစ်ခုကို တွေ့လိုက်ရတယ်။
ဒီနာမည်က တော်တော်မိုက်တယ်။
ဝမ်ချင့်က အဝေးကိုလှမ်းကြည့်ရင်း နှလုံးခုန်သံမြန်လာတယ်။
လွန်ခဲ့သည့်တစ်မိနစ်က သူက အိပ်ဆောင်ထဲမှာရှိနေဆဲဖြစ်ပြီး သန့်စင်ခန်းအတွင်းရှိအဆောင်ခန်းခေါင်းဆောင်ကို အိမ်သာသုံးစက္ကူပို့ပေးတော့မှာဖြစ်တယ်။တံခါးဖွင့်လိုက်တယ့်အချိန်မှာဘဲ သူက ဒီထူးဆန်းသည့်ခေါင်မိုးထပ်ကိုရောက်နေခဲ့တာဖြစ်တယ်။
အဆောင်ခန်းခေါင်းဆောင်က အခုအိမ်သာသုံးစက္ကူရှိရဲ့လား မသိဘူး...
ဝမ်ချင့်သည် သူ့လက်တွေကို ပွတ်သပ်ပြီး အရှေ့ကအရေးပေါ်ထွက်ပေါက်ဆီကို လျှောက်သွားလိုက်တယ်။
အဖြူရောင်တံခါးကို တင်းတင်းစေ့ထားပြီး ဝမ်ချင့်က တွန်းဖွင့်ဖို့ကြိုးစားပေမဲ့ သော့ခတ်ထားသလိုမျိုး တုတ်တုတ်တောင်မလှုပ်ဘူး။
"တစ်ယောက်ယောက်ရှိလား?"
မရှိဘူး..
တစ်ယောက်မှမရှိဘူး...
ကောင်းကင်ပေါ်မှာ နေ သို့မဟုတ် လမရှိဘဲ အုံ့မှိုင်းနေသည့်မြူခိုးတွေသာတည်ရှိနေပြီး ဒီအဆောက်အအုံပတ်ပတ်လည်လည်ကို ပတ်ဆို့ထားပြီး အဆောက်အအုံကြီးသာ တည်ရှိနေသကဲ့သို့ဖြစ်နေတယ်။
ဝမ်ချင့်က သတိထားပြီး လက်ရန်းနားကိုချဉ်းကပ်သွားပြီး အောက်ကိုငုံ့ကြည့်လိုက်တယ်။
အဲဒီမှာ အဖြူရောင်အခိုးအငွေ့တွေကိုသာမြင်ရပြီး အောက်ခြေကို မမြင်ရဘူး။