3.2

357 71 5
                                    

အခန်း(၃.၂)လမ်းပြ(၃)

ဝမ်ချင့်၏အာရုံကြောတွေက ပိုပြီးတင်းမာလာပြီး စောင့်ဆိုင်းချိန်က အခက်ခဲဆုံးဖြစ်မည်ကို စိုးရိမ်နေသည်။

စနစ်က သဲလွန်စကို တိုက်ရိုက်မပေးဘဲ ဖျက်ဆီးပြီးမှပေးနိုင်သည်။

"အချိန်သုံးနာရီကျန်သေးတယ်။အရင်ဆုံး အခန်းခွဲပြီး ခဏလောက် အနားယူရအောင်။သုံးနာရီကြာပြီးမှ လော်ဘီထဲမှာ ပြန်စုကြမယ်"ကျိုးကျိုးက ပြောလိုက်တယ်။

"ကောင်းပြီ"

"ငါလည်းသဘောတူတယ်"မိန်းကလေး လေးယောက်က အခန်းတစ်ခန်းကို နှစ်ယောက်စီမျှနေပြီး တတိယထပ်က အခန်းတွေကို ရွေးချယ်လိုက်သည်။

မိန်းကလေးတွေက သူတို့၏ရွေးချယ်မှု ပြီးဆုံးပြီးနောက် ဝမ်ချင့်က ကျိုးကျိုးကို ကြည့်ပြီး "တစ်ခန်းထဲနေရအောင်"

ကျိုးကျိုးက ခေါင်းငြိမ့်ပြီး သဘောတူလိုက်သည်။

ယုရှင်းက ဖြေးဖြေးခြင်းပြောလိုက်တယ် "ဒါဆို ကိုယ်က ဝမ်ချင့်ရဲ့ဘေးအခန်းကိုယူမယ်"

"မင်းကိုကြိုဆိုနေတယ်နော်။မင်း ကိုယ့်ကို အချိန်တိုင်းလာတွေ့လို့ရတယ်"

ဒီစကားတွေက လူတိုင်းကို ပြောနေတာဆိုပေမဲ့ သူ့မျက်လုံးတွေက ဝမ်ချင့်အပေါ်မှာသာမြဲမြံနေပြီး အဓိပ္ပာယ်တစ်ခုခုနဲ့ပြောနေသလိုဘဲ။

ဝမ်ချင့်က သူ့နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး ယုရှင်းက စိတ်အနှောက်ယှက်ဖြစ်စရာကောင်းတယ်ဟု ခံစားရသည်။

သူက ရှင်းရှင်းလင်းလင်းလုပ်ပြီးသားဘဲကို...

လူတိုင်း၏မျက်လုံးတွေက သူ့မျက်နှာပေါ်ကို ကျရောက်လာတာကို သတိထားမိတော့ ဝမ်ချင့်သည် လက်သီးကျစ်ကျစ်ပါအောင်ဆုတ်ထားပြီး ယုရှင်းကြောင့်တွေးမိပြန်သည်။

ကျေးဇူးပြုပြီး ငါ့ကိုစနောက်နေတာ ရပ်ပေးပါ..

ငါ ဒီလိုမျိုးမကြိုက်ဘူး..

မင်းက အရမ်းစိတ်အနှောက်ယှက်ဖြစ်စရာကောင်းတယ်...

ဝမ်ချင့်၏နူးညံ့သည့် ကိုယ်ရည်ကိုယ်သွေးအရ အခြားသူတွေကို ကျိန်ဆဲဖို့ ခက်ခဲပြီး သူက တွေးရုံသာတတ်နိုင်ပြီး ဘယ်တော့ကမှ စကားကြမ်းတွေကို ပြောဖို့ရာ မတတ်နိုင်ဘူး။

သူတို့က လူသားတွေမဟုတ်ဘူးWhere stories live. Discover now