အခန်း(၁.၂)
ရုတ်တရက် ကျယ်လောင်သည့်ဆူညံသံတစ်ခု ခေါင်မိုးထပ်၏အခြားအစွန်းတစ်ဖက်မှထွက်ပေါ်လာသည်။
ဝမ်ချင့်သည်မျက်လုံးထောင့်မှ စိုက်ကြည့်လိုက်တယ်။လူငယ်တစ်စုဖြစ်ပြီး ယောကျ်ားလေးရော မိန်းကလေးရောပါဝင်ပြီး အားလုံးကိုကြည့်ရတာ ပုံမှန်အတိုင်းသာဖြစ်တယ်။
အနည်းဆုံးတော့ သူတို့ဟာ လူလား?သရဲလား?မသိသည့် ဒီသုံးယောက်ထက် ပိုပြီးပုံမှန်သာဖြစ်တယ်။
ဝမ်ချင့်သည် အသက်ပြင်းပြင်းရှူရင်း လှည့်ပြေးကာ ထိုလူငယ်တွေစီ ဦးတည်လိုက်တယ်။
သူ့ခြေထောက်တွေက အားနည်းလာပြီး သူမလဲကျသွားခင် တစ်စက္ကန့်ထိ သူတောင့်ခံခဲ့တယ်။
"မင်းအဆင်ပြေရဲ့လား?"
"အဆင်ပြေပါတယ်..ကျေးဇူး"ဝမ်ချင့်က အမောတကောနှင့် သူ့ကိုကူညီပေးသည့်လူငယ်ကို ပြုံးပြီးပြောလိုက်တယ်။
လူငယ်သည် ကလေးမျက်နှာနှင့်ဖြစ်ပြီး သူပြုံးလိုက်တဲ့အခါ တောက်ပပြီးချစ်စရာကောင်းတယ် "အဆင်ပြေပါတယ်"
"ငါ့နာမည်က ကျိုးကျိုး"
ဝမ်ချင့်သည် ငိုမဲ့မဲ့နှင့်တိုးတိုးလေးပြောလိုက်တယ် "ငါ့နာမည်က ဝမ်ချင့်"
ကျိုးကျိုးသည် သူ့ရဲ့နီရဲသည့်မျက်လုံးတွေကို ကြည့်လိုက်ပြီး မနီးမဝေးက လူသုံးယောက်ကို လှမ်းကြည့်ပြီး မေးလိုက်တယ် "မင်း ဒီနေရာက ဘယ်နေရာလဲဆိုတာ သိလား?"
ဝမ်ချင့်သည် ခေါင်းခါလိုက်ပြီး အမှန်အတိုင်းပြောလိုက်တယ် "ငါမသိဘူး။ငါအိပ်ခန်းထဲမှာရှိနေတာ။ငါ တံခါးဖွင့်လိုက်တာနဲ့ ဒီနေရာကို ရောက်လာတာဘဲ"
"ငါလည်းဘဲ"ကျိုးကျိုး သက်ပြင်းချပြီး နူးညံစွာပြောလိုက်တယ် "ငါအိမ်ထဲမှာ ဂိမ်းကစားနေရင်း အပြင်ထွက်ဖို့ တံခါးဖွင့်လိုက်တော့ ရုတ်တရက်ဒီကိုရောက်နေတာဘဲ"
သူ့မျက်နှာပေါ်က သေးငယ်တဲ့အပြုံးကိုကြည့်ပြီး ဝမ်ချင့်သည် ဒီလူက အခုချိန်မှာတောင် ခံစားချက်ကောင်းနေပြီး ရယ်နိုင်သေးတယ်လို့ ကူကယ်ရာမဲ့စွာ တွေးမိတယ်။