အခန်း(၃.၁)လမ်းပြ(၃)
ဝမ့်ချင့်က သူ့ကိုစိုက်ကြည့်ပြီး နောက်ကိုခြေနှစ်လှမ်းဆုတ်ပြီး အကွာအဝေးတစ်ခု ခြားပြီးမှ သူကစကားပြောရဲတယ် "ဟင့်အင်း..မနှောင့်ယှက်ပါနဲ့"
"ဒါ..ခင်ဗျား လူမှားတွေ့တာဘဲ။ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး"
"ကျွန်တော်က အရမ်းဆင်းရဲတယ်"
ယုရှင်းက မျက်ခုံးပင့်လိုက်ပြီး လှောင်လိုက်တယ် "ကိုယ့်ကိုကြည့်ရတာ ပိုက်ဆံမရှိတဲ့ပုံပေါ်လို့လား?"
ဝမ့်ချင့်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် ယုရှင်းကို ဂရုတစိုက်ကြည့်လိုက်တယ်။
နူးညံ့ပြီး ပွယောင်းသည့် ရေချိုးဝတ်ရုံ သူ့ခြေထောက်မှာ ကွင်းထိုးဖိနပ်တစ်စုံစီးထားပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ အဆင်တန်ဆာတွေမရှိဘူး။
ဝမ်ချင့်က သာမန်ဆင်းရဲသည့်ကျောင်းသားတစ်ယောက်သာဖြစ်ပြီး သူက ယုရှင်း၏တတိယရတနာကိုသာ မြင်ပြီး အခြားဘာကိုမှမတွေ့ဘူး။
တကယ်လို့ သူက ငွေမလိုဘူးဆိုရင်...
ကမ်းလှမ်းမှုတစ်ခုလား?
ဝမ့်ချင့်သည် ကျောင်းမှာ လိင်တူချစ်သူအဖြစ်အထင်လွှဲခံခဲ့ရပြီး ရံဖန်ရံခါ ယောကျ်ားလေးတွေက ဝမ်ချင့်ကို အလားတူအရာမျိုး အရိပ်အမြွတ်ပြဖို့ရာ သူ့တံခါးဆီကိုလာခဲ့ကြပြီး အားလုံးက သူ့ကိုဖော်ရွေစွာဆက်ဆံကြပြီး ယုရှင်းကဲ့သို့ကို သူ့ကိုမကြောက်လန့်စေဘူး။
ဝမ်ချင့်သည် အမှန်တရားကို ရှာဖွေတွေ့ရှိသည်ဟု ခံစားရသည်။
သူက တိုးတိုးလေးပြောလိုက်တယ် "ခင်ဗျား နားလည်မှုလွှဲနေတယ်"
"ကျွန်တော် မိန်းကလေးတွေကိုကြိုက်တယ်"
"ကျွန်တော်က လေးနက်တဲ့ကောလိပ်ကျောင်းသားပါ"
ပေါ့ပေါ့ပါးပါးနဲ့မတွဲဘူး။
ယုရှင်းသည် ရယ်စရာကောင်းသည့်တစ်စုံတစ်ရာကို ကြားလိုက်ရသလိုမျိုး သူ့အပြုံးက ပိုကြီးလာပြီး သူ့အသံက မရေရာဘဲ ဟိုလိုလို ဒီလိုလိုနှင့်ပြောလိုက်တယ် "တကယ်လို့မင်းတစ်စုံတစ်ခုကို ကြိုက်တယ်ဆိုရင် မင်းကြိုးစားကြည့်ပြီးမှ မင်းသိလိမ့်မယ်"