အခန်း(၂.၁)လမ်းပြ(၂)
သက်သေခံကတ်ပြားသည် လျှင်မြန်စွာ ပျောက်ကွယ်သွားပြီး ဝမ့်ချင့်၏မျက်နှာသည် တဖြည်းဖြည်းပူလာသည်။
ဒါကို အထူးကျွမ်းကျင်မှုလို့ယူနိုင်သလား?
ဒီအထူးပြုချက်ရဲ့အသုံးဝင်မှုက ဘာလဲ?
ကိုယ့်ဘာသာကိုယ် ကြောက်လန့်နေတာကိုလား?
[အသက်ရှင်ကျန်ရစ်သော ကစားသမားများ ဗီလာမှ ထွက်ခွာပြီးလျှင် ဒီကော်ပီသည် အဆုံးသတ်ပြီဖြစ်သည်]
[ကစားသမားအားလုံး ပျော်ရွှင်စရာကစားပွဲလေးတစ်ခု ဖြစ်စေဖို့ ဆုတောင်းပေးပါတယ်]
"ဘာအရှုပ်ထုတ်လဲ?"
ဝမ့်ချင့်ဘေးမှာရပ်နေသည့် ခေါင်းတစ်လုံးစာနိမ့်တဲ့ကောင်လေးက ဆူလိုက်တယ် "ဘယ်သူက ဂိမ်း ကစားချင်လို့လဲ?ဒီနေ့ ငါ့အမေ မွေးနေ့ဘဲ"
"ငါ အိမ်ပြန်ချင်တယ်"
သူက စကားပြောရင်း နီညိုရောင်တံခါးထံသို့ လျှောက်သွားပြီး တံခါးလက်ကိုင်ကို လှမ်းကိုင်လိုက်တယ်။
ဝမ့်ချင့်၏မျက်ခုံးက မြင့်တက်သွားပြီး "စနစ်က ပြောတယ်..လမ်းပြသာလျှင် တံခါးဖွင့်နိုင်တယ်..."
"မင်း သူပြောတာကို ယုံနေတာလား?"တံခါးလက်ကိုင်ကို ကိုင်ထားရင်း ကောင်လေးက ဝမ့်ချင့်ကို တစ်ချက်ကြည့်လိုက်ပြီး "ဒါက ငါတို့ကို ခြောက်နေတယ်ဆိုရင်ရော?ဘယ်လိုလုပ်မလဲ?"
ဝမ့်ချင့်၏နှုတ်ခမ်းတွေက တင်းတင်းစေ့ထားပြီး သူက ခြိမ်းခြောက်တယ်လို့တော့ မထင်ဘူး။
"တကယ်လို့ငါတို့ကို ခြိမ်းခြောက်တာ မဟုတ်ရင်ရော?"ကျိုးကျိုးက ပြောလိုက်တယ်။
"ငါတို့က မတူတဲ့နေရာတွေကနေ ဒီကို ရုတ်တရက်ဆွဲခေါ်ခံလိုက်ရတာ။ပြီးတော့ သာမန်ရှင်းပြလို့မရတဲ့ အရာတွေအများကြီးရှိသေးတယ်။တံခါးဖွင့်ဖို့ ဦးဆောင်တဲ့သူမရှိတဲ့ အကျိုးဆက်ကို သိမှာမဟုတ်ဘူး"
ကောင်လေးက ဇာတ်ကားတွေထဲမှာ ဖြစ်ပျက်တတ်တာကိုတွေးမိပြီး သူ့အမူအရာ ပြောင်းသွားပေမဲ့ သူက တံခါးလက်ကိုင်ကို ကိုင်ထားတုန်းဖြစ်တယ် "တကယ်လို့ ဘာမှမဖြစ်ရင်ရော?"
