အခန်း(၅)လမ်းပြ(၅)
သားရိုင်းကောင်၏ဟိန်းဟောက်သံနှင့် ငိုကြွေးသံသည် ရောနှောနေပြိး မိန်းကလေး၏ကြောက်လန့်တကြားအော်သံသည် ရုတ်ခြည်းရပ်တန့်သွားသည်။
အောက်ထပ်မှာဘာတွေဖြစ်ပျက်နေလဲဆိုတာ သက်သေပြစရာမလိုဘဲ ပကတိရှင်းလင်းနေသည်။
လှေကားမှ အမြန်ပြေးလာတဲ့ ခြေသံကို ထွက်ပေါ်လာပြီး နောက်တော့ ဖရိုဖရဲဆံပင်တွေနှင့် မျက်နှာမှာသွေးတွေပေကျံနေသည့် မိန်းကလေးတစ်ယောက်ဟာ လူတိုင်းရှေ့မှာပေါ်လာသည်။
သူမက ကော်ရီဒါကလူတွေကို ကြောက်လန့်တကြားကြည့်ပြီး သူမပါးစပ်ကို ဖွင့်လိုက်တယ်။ကြောက်လန့်လွန်းတာကြောင့်ဖြစ်နိုင်တယ်..သူမက အသံတစ်သံမှမထွက်နိုင်ပေမဲ့ လူတိုင်းက သူမ ဘာပြောချင်လဲဆိုတာ သိသည်။
ပြေး!
ပြေး!
ကျိုးကျိုးက ပထမဆုံးတုံပြန်လိုက်ပြီး ရှေ့ကိုခြေတစ်လှမ်းတက်လိုက်ပြီး သူက ဝမ်ချင့်ကိုဖြတ်သွားတဲ့အခါ သူက ဝမ်ချင့်ကိုတွန်းပြီး အမြန်ပြေးဖို့တောင် အချက်ပြလိုက်သည်။
ဝမ်ချင့်သည် ယိုင်တိယိုင်တိုင်နှင့်ပြေးတော့သည်။
သူလှေကားပေါ်တက်ပြီး မကြာခင်မှာဘဲ သူက အော်ဂလီဆန်စရာကောင်းသည့်အားကောင်းတဲ့သွေးနံနှင့်ဆုံသည်။
ပထမထပ်ဧည့်ခန်းကြမ်းမှာတော့ မဲနက်ပြီး ရှည်လျားသည့်အမွေးတွေရှိသည့် ခြေလေးချောင်းသားရိုင်းကောင်အုပ်စုက မြေကြီးပေါ်မှာလဲလျောင်းနေပြီး သူတို့၏ခန္ဓာကိုယ်တွေက အနည်းငယ်တုန်ရီနေသည်။
ဂတ်...ဂတ်..တစ်စုံတစ်ခုကို ကိုက်ဝါးသည့်အသံတစ်ခုထွက်ပေါ်လာပြီး နောက်တစ်ခဏမှာတော့ သူက ချောင်းနှစ်ကြိမ်ဆိုးလိုက်ပြီး နောက်တော့ သွေးတွေနှင့်လက်မောင်းတစ်ခုကို ကျလာပြီး နီရဲတဲ့အသားစတွေနှင့်သွေးတွေရှိနေသည်။
ဝမ်ချင့်၏သူငယ်အိမ်သည် ရုတ်တရက်ပြူးကျယ်သွားပြီး သူက အောက်ကိုပြုတ်ကျလုနီးပါးဘဲ..
ကျိုးကျိုးက သူ့ကိုဖေးမပေးထားပြီး အသံနိမ့်ပြီးပြောလိုက်တယ် "မြန်မြန်သွား"
