2.2

508 72 0
                                        

အခန်း(၂.၂)

ကျိုးကျိုးက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး "တစ်ခုတည်းတော့မဖြစ်သင့်ဘူးဟုတ်တယ်မလား?"

ပိုနီတေးနှင့်မိန်းကလေးက ပတ်ဝန်းကျင်ကို စိုက်ကြည့်လိုက်ပြီး ပေါ့ပါးစွာပြောလိုက်တယ် "ငါတို့ထဲက တစ်ချို့က လိမ်နေတာဖြစ်နိုင်တယ်"

ဝမ့်ချင့်က လူတိုင်းကို ကြည့်လိုက်တော့...တိတ်ဆိတ်နေကြပြီး..ဘာမှကွဲပြားတာမရှိဘူး..ကြောက်ရွံ့နေကြပြီး..ငြိမ်သက်စွာရှိနေကြတယ်....

သူက လူတွေနှင့်ဆက်သွယ်ပြောဆိုရာမှာ မကောင်းသလို သူက တစ်ယောက်ယောက်က လိမ်နေသလားဆိုတာလည်း မမြင်နိုင်ဘူး။

ယုရှင်းအလှည့်ကိုရောက်လာတော့ နောက်ဆုံးတော့ မတူညီတဲ့အထောက်အထားတစ်ခုပေါ်လာသည်။

ယုရှင်းက ပေါ့ပေါ့တန်တန် စကားလုံးနှစ်လုံးကိုသာ ထုတ်ပြောလာတယ် "ဘုရားသခင်

ရဲ့မျိုးဆက်"

လူတိုင်းက ဆွံ့အသွားပြီး တစ်စုံတစ်ယောက်က လွတ်ခနဲပြောလိုက်တယ် "မင်းရဲ့ထူးခြားချက်ကဘာလဲ?"

"သိချင်လား?"

ဝမ့်ချင့်က သဘာဝအလျောက် ခေါင်းခါလိုက်သည်။

သူမသိချင်ဘူး။

၎င်းက ကောင်းတဲ့အရာဖြစ်မည့်ပုံမပေါ်ဘူး။

ပိုနီတေးနှင့်မိန်းကလေးက မေးလိုက်တယ် "ရှင်ဘာလို့ ဒီလိုမေးတာလဲ?"

"ရှင် ဒီထူးခြားချက်ကို ကျွန်မတို့ကို မပြောနိုင်ဘူးလား?"

"ဒါတော့မမှန်ဘူး"ယုရှင်းက လှောင်ရယ်လိုက်ပြီး သူ့မျက်ဝန်းတွေက ဝမ့်ချင့်ပေါ်မှာသာရှိနေပြီး ဖြေးဖြေးချင်းရှင်းပြလိုက်တယ် "ရှင်းရှင်းပြောရရင် တစ်ချို့လူတွေက ဒါကိုယုံကြည်မှာမဟုတ်ဘူး"

"မင်းကိုယ်တိုင် စမ်းကြည့်ရင် ပိုကောင်းမယ်"

သူက စမ်းကြည့်ရင်ဆိုသည့်စကားလုံးအနည်းကိုသာ အလေးထားပြောခဲ့ပေမဲ့ သူ၏အပြောအဆိုအပြုအမူအရ စုံတွဲတွေကြားဇီဝကမ္မဆိုင်ရာစကားလုံးတစ်ချို့လိုဖြစ်နေပြီး ဒီမရှင်းလင်းတဲ့စကားတွေကြောင့် လူတွေကို ရဲ့ဇီဝကမ္မဆိုင်ရာလိုအပ်ချက်တစ်ချို့ကို တွေးမိစေသည်။

သူတို့က လူသားတွေမဟုတ်ဘူးWhere stories live. Discover now