၄.၁

289 55 3
                                    

အခန်း(၄.၁)လမ်းပြ(၄)

ဝမ်ချင့်သည် ဂရုတစိုက်နှင့်ထပ်မံရှာဖွေပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူက ခေါက်ထားသည့်တဘက်တွေကိုတောင် ဖြန့်ရှာပေမဲ့ ဘာအတွင်းခံမှမရှိဘူး။

ငါက ဒီအခန်းထဲမှာ အတွင်းခံတွေကို ရှာမတွေ့နိုင်ပေမဲ့ အခြားအခန်းထဲမှာတော့ ရှိကိုရှိရမယ်...

ဒုတိယထပ်မှာ အိပ်ခန်းနှစ်ခန်းသာရှိပြီး ဖြစ်နိုင်တာကတော့ အခြားအခန်းကို အပိုင်ယူထားသည့်သူက ယုရှင်းဖြစ်မည်။ဒါကြောင့် သူ မသွားချင်ခဲ့ဘူး။

တတိယထပ်မှာဆိုရင်ရော...

ဝမ်ချင့်သည် မိန်းကလေးတွေ၏အခန်းမှာ ယောကျ်ားလေးအတွင်းခံကို သွားမရှာနိုင်ဘူး။ဒါကြောင့် ဆရာကျီနှင့် ဘတ်စကပ်ဘောယူနီဖောင်းဝတ်ထားသည့်သူ၏နေရာမှာ သွားရှာရုံသာရှိသည်။

ဘတ်စကပ်ဘောယူနီဖောင်းဝတ်ထားသည့်သူက စိတ်သဘောထားမကောင်းပုံပေါ်သည်။ဒါကြောင့် တကယ်လို့ သူက ဒီလိုအကြောင်းအရာကြောင့်လာရှာမှန်းသိရင် စိတ်ဆိုးမလားမသိဘူး။

ခဏကြာအောင် ရုန်းကန်ပြီးနောက်မှာ ဝမ်ချင့်သည် တတိယထပ်ကိုသွားပြီး ဆရာကျီထံမှာ အတွင်းခံတစ်ထည်ငှားဖို့ ဆုံးဖြတ်လိုက်သည်။

ဆိုးလွန်းတာက စီစဉ်ထားသည့်အတိုင်း ဖြစ်မလာဘဲ ပြောင်းလဲသွားတာဘဲ...

ဝမ်ချင့်သည် တံခါးဖွင့်ပြီး ခြေလှမ်းအနည်းငယ် လှမ်းရုံသာရှိသေး..ဖြတ်သွားသည့် ကောင်းယွမ်ယွမ်နှင့်ဆုံပြီး သူ့လက်မောင်းကို ဆွဲလာသည်။

"ဝမ်ချင့် နင် အချိန်ကိုက်ရောက်လာတာဘဲ..ငါတို့ အသစ်တစ်ခု ရှာတွေ့ထားတယ်"

ကောင်းယွမ်ယွမ်သည် ဝမ်ချင့်ကို စင်္ကြံလမ်းအဆုံးရှိ စာကြည့်ခန်းကိုဆွဲခေါ်သွားသည်။

ဝမ်ချင့်သည် ခဏလောက်ကြာအောင် ရုန်းနေပေမဲ့ ကောင်းယွမ်ယွမ်၏အားသည် သန်မာပြီး သူ့လက်တစ်ဖက်ကိုလည်း ရေချိုးဝတ်ရုံကြိုးပြေခြင်းမှ ကာကွယ်ရန်အတွက်လုပ်ဆောင်နေရသည်။

"ခဏ..ခဏ..ငါ အခု လုပ်စရာရှိသေးတယ်"

ကောင်းယွမ်ယွမ်သည် ရပ်တန့်သွားပြီး သူမခေါင်းကိုလှည့်ကာ ဝမ့်ချင့်ကို ကြည့်လာပြီး "ဘာကိစ္စလဲ?"

သူတို့က လူသားတွေမဟုတ်ဘူးWhere stories live. Discover now