၄.၂

272 52 2
                                    

အခန်း(၄.၂)

ဝမ်ချင့်သည် အခြားစာအုပ်စင်တွေကိုလည်း ကြည့်လိုက်တော့ ရှုပ်ရှပ်ခတ်နေသည့်အက္ခရာအမျိုးမျိုးရှိပြီး သူမသိဘူး။

ကောင်ယွမ်ယွမ်က စကားပြောလာတယ် "ငါ့မေဂျာကြောင့် ဘာသာရေးနဲ့ဆိုင်တဲ့ပန်းချီတွေကို လေ့လာခဲ့ရတာမျိုးရှိတယ်။ငါက အခြားစာအုပ်စင်တွေပေါ်က စာလုံးတွေကို နားမလည်ပေမဲ့ ဒီရုပ်ပုံတွေအားလုံးက အမျိုးမျိုးသော ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုတွေဆိုတာသိတယ်"

"ပြီးတော့ ကစားပွဲစတဲ့အချိန်တုန်းက စနစ်က ငါတို့ကိုပြောခဲ့တာက ဒီကော်ပီက နတ်ဘုရားမျိုးဆက်ကော်ပီတစ်ခုဆိုတာဘဲ"

နတ်ဘုရားဆက်ကော်ပီ..ဘာသာရေးဆိုင်ရာယုံကြည်ကိုးကွယ်မှု...နတ်ဘုရားကတ်ကိုင်ထားသည့်လူသုံးယောက်...ဒါတွေက သဲလွန်စတွေကို ညွှန်ပြနေတယ်..

ဝမ်ချင့်သည် မျက်တောင်ခတ်လိုက်ပြီး ယုရှင်းကို သတိထားပြီး ကြည့်လိုက်တယ်..

ယုရှင်းက သူ့နှုတ်ခမ်းထောင့်မှာအပြုံးတွေနှင့် သူ့ကို တည့်တည့်စိုက်ကြည့်နေတယ်..ဝမ်ချင့်နှင့်မျက်လုံးချင်းဆုံသွားတာနှင့် သူက လေချွန်လာပြန်တယ်..

ဝမ်ချင့်သည် သူ့ကိုကြည့်ပြီးတာနှင့် မှော်ကတ်ကိုင်ထားသည့် နောက်လူတစ်‌ယောက်ဖြစ်သည့် ဆရာကျီယွီကို ကြည့်လိုက်သည်။

ကျိုးကျိုးက အဓိကအချက်ကိုသာ တည့်ပြောလိုက်တယ် "ငါအခု 'လမ်းပြ'ဆိုတာက အချက်အလက်သာ ဖြစ်နေမှာကို သံသယဖြစ်မိတယ်"

"စနစ်က လမ်းပြက လူတစ်ယောက်သာဖြစ်ရမယ်လို့ မပြောဘူး။သူက နတ်ဘုရားလည်း ဖြစ်နိုင်တယ်။လမ်းပြဆိုတာက အချို့သောဒဏ္ဍာရီတွေမှာ နတ်ဘုရားကို ညွှန်းဆိုတဲ့ နာမည်တစ်ခုသာဖြစ်နိုင်တယ်"

"ဟုတ်တာပေါ့..ဒါက ငါ့ခန့်မှန်းချက်သက်သက်ဘဲ။ငါသေချာတာတစ်ခုတော့ ပြောနိုင်တယ်။နတ်ဘုရားမျိုးဆက်နဲ့လုပ်နိုင်တာတစ်ခုခုတော့ ရှိလိမ့်မယ်"

ဝမ်ချင့်သည် သဘောတူစွာခေါင်းငြိမ့်လိုက်တယ်... ဒီအသံက အကျိုးအကြောင်းသင့်တယ်..

သူတို့က လူသားတွေမဟုတ်ဘူးWhere stories live. Discover now