အခန်း(၄.၃)
ဘတ်စကပ်ဘောယူနီဖောင်းနှင့်လူဘဲ..
ဝမ်ချင့်သည် သူ့နာမည်ကို မသိတာကြောင့် တုံ့ဆိုင်းနေပြီးမှ အသံတိုးတိုးနှင့်မေးလိုက်တယ် "အဲ..နံပါတ်၂၃ ဆရာနဲ့တစ်ခန်းထဲနေတာလား?"
နံပါတ်၂၃က ဆရာဆိုတာကြားတော့ မကျေမနပ်နှင့်ဖြေလာတယ် "မဟုတ်ဘူး"
ဝမ်ချင့်သည် အခန်းထဲမှာ တစ်ယောက်တည်းနေနေတာက ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲဟု တွေးနေမိသည်။
"တောင်းပန်ပါတယ်။ငါ အခန်းမှားသွားတယ်"ဟု ကမန်းကတမ်းပြောလိုက်တယ်။
"ဆရာ့ကိုရှာလိုက်အုံးမယ်"
တံခါးမပိတ်ခင် တစ်စက္ကန့်မှာ အဲဒီလူက ရွံ့ရှာနေဟန်နှင့်မေးလာတယ် "မင်း သူ့ဆီက ဘာရှာနေတာလဲ?"
ဝမ်ချင့်က အမှန်အတိုင်း ပြောလိုက်တယ် "အဝတ်အစားနည်းနည်း ငှားမလို့"
နံပါတ်၂၃က မျက်ခုံးပင့်လိုက်ပြီး လေးနက်စွာကြည့်လာပြီး စိတ်မရှည်စွာပြောလာတယ် "မင်းဘာသာ ယူသွားလိုက်"
ဝမ်ချင့်သည် သူတစ်ပါးကို မနှောက်ယှက်ချင်ပေမဲ့ သူတစ်ပါး၏ကြင်နာမှုကို ငြင်းပယ်ဖို့ကလည်း ခက်တာကြောင့် ပါးစပ်ဖွင့်ကာ "ကောင်းပြီ။ဒါဆို ငါယူလိုက်မယ်"
တိုးတိုးလေးပြောပြီး ဘီရိုစီကို လျှောက်သွားလိုက်သည်။
ဖွင့်လိုက်တာနှင့် ထောင့်စွန်းမှာ သပ်သပ်ရပ်ရပ်ခေါက်ထားသည့်အတွင်းခံတွေကိုတွေ့လိုက်ရသည်။
ဝမ်ချင့်သည် အခန်းထဲကို ပထမဆုံးအကြိမ် စစ်ဆေးတာကို သတိရသွားပြီး နှုတ်ခမ်းဆူလိုက်တယ်..
ဒီလိုမျိုးဘဲ ထားထားတာပါ..ဘာလို့ ရုတ်တရက် ရှာမတွေ့တော့တာလဲ?
ဒါကိုတွေးရင်း ဝမ်ချင့်သည် အတွင်းခံအရွယ်အစားကို ကြည့်လိုက်တယ်။ဒါတွေအကုန်လုံးက တစ်ရွယ်တည်းဘဲ။
သူ့ထက်ကြီးတဲ့အရွယ်အစားတွေသာရှိသည်။
ကြီးနေရင်တာက မဝတ်ထားတာထက် ပိုကောင်းပါတယ်...
ဝမ်ချင့်သည် စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး အတွင်းခံဘောင်းဘီတစ်ထည်နှင့်တီရှပ်တစ်ထည်ကို ယူပြီး နံပါတ်၂၃ကို ပြောလိုက်တယ် "ရပြီ။ကျေးဇူးတင်ပါတယ်"
