အကြောင်းအရာအချို့သည် ဆရာမကြီး ဒေါ်ခင်မျိုးချစ် ဘာသာပြန်သော 'Crave Her Name With Pride' စာအုပ်မှ မှီငြမ်းထားခြင်း ဖြစ်ပါသည် ။
_________________________________________
၁၉၄၄ခုနှစ် အင်္ဂလန်
"နီနီ ကိုယ့်ကို ကြည့်စမ်း"
နီနီက အရည်လဲ့နေတဲ့ မျက်ဝန်းလေးတွေနဲ့ သူ့ကို ပြန်ကြည့်တော့ သူ့ရင်ထဲ ကျည်ဆန်တွေ တိုးဝင်သွားသလိုပါပဲ ။
ဪ အချစ်ရယ် ကိုယ်လည်း မင်းကို ဘယ်ထားခဲ့
ချင်ပါ့မလဲ ။"ကိုယ် နီနီ့ဆီ ပြန်လာဦးမှာလေ ၊ ကိုယ့်ကို မယုံဘူးလား"
"ခြေထောက်က ဒဏ်ရာတောင် မပျောက်သေးတာကို ထပ်ပြီး..."
သူ ချစ်ရတဲ့ မိန်းကလေးဟာ သူ့ခြေချင်းဝတ်က ပတ်တီးကို ကြည့်ပြီး ပြောတော့ သူ ခပ်ဖွဖွပဲ ရယ်လိုက်မိတယ် ။ လေထီးသင်တန်းဆင်းတုန်းက ချော်ကျလို့ ရခဲ့တဲ့ ဒဏ်ရာကြောင့် နီနီဟာ သူ့ကို အခုထိ စိတ်မချသေး ။
"ကိုယ့် ခြေထောက်က သက်သာနေပါပြီ နီနီ ၊ ကိုယ့်ကို ဘာမှ စိတ်မပူနဲ့ ၊ အခုတစ်ခေါက်က ကိုယ်တို့ ပြင်သစ်ပြည်ကို ဂျာမန်တွေရဲ့ လက်အောက်ခံ နိုင်ငံအဖြစ် နောက်ဆုံး မြင်ရတာပဲ ဖြစ်မှာ နီနီ ၊ မကြာခင် ကိုယ်တို့ ပြင်သစ်ပြည်ကြီး ပြန်လွတ်လပ်တော့မှာ ၊ အဲ့ဒီကျမှ နီနီ့ကို မယ်ဒီလိမ်းဘုရားရှိခိုးကျောင်းဆီ လိုက်ပို့ရဦးမယ် ၊ အဲ့ဒါကြောင့် ကိုယ့်ကို စောင့်နေပေးနော် ၊ ကိုယ် သေချာပေါက် နီနီ့ဆီ ပြန်လာဦးမှာမလို့"
အခုတစ်ခေါက်က ပြင်သစ်ပြည်ကို နာဇီဂျာမန်တွေရဲ့ လက်အောက်ခံအဖြစ် နောက်ဆုံးမြင်ရခြင်း ဖြစ်မှာ ဆိုပေမဲ့ သူတို့အတွက်လည်း နောက်ဆုံး ပြန်လမ်းမရှိတဲ့ တာဝန်ဖြစ်နေခဲ့တယ်ဆိုတာ ရိုဆန် သိပြီးသားပါ ။ ဒါပေမဲ့ ဒါကိုတော့ နီနီ သိဖို့မလို ။ အသိလည်း မခံနိုင်ပေ ။
"အယ်လိန်း ရိုဆန်"
နီနီက သူ့လက်ဖဝါးနုနုတွေနဲ့ ရိုဆန့်မျက်နှာလေးကို အုပ်ကိုင်လိုက်ပြီး မျက်ဝန်းတွေထဲကို တိုးဝင်ကြည့်တယ် ။
"သေချာပေါက် ပြန်လာရမယ်နော်"
"အချစ်ရယ် ကိုယ် ကတိပေးပါတယ်"