Atlantis by Seafret (Chaennie)

517 50 16
                                    

စာရေးသူရဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုသာ ဖြစ်ကြောင်း ။ ။

Inspired by Ammonite.
_________________________________________

၁၉၄၃ ခုနှစ် ၊ ဒုတိယ ကမ္ဘာစစ်

အင်္ဂလန် ၊ အနောက် ဒေါဇက် ၊ လိုင်းမ် ရီဂျစ်ရွာ

ပင်လယ်ကမ်းခြေနှင့် နီးသော ရွာကလေးဖြစ်သည် ။ လေထုအခြေအနေဟာ အမြဲ အုံ့မှိုင်းနေလျက် ရှိပြီး အနက်ရောင် တစ်ထပ်အိမ်ကလေးများမှာ နေရာချထားသလို ငြိမ်သက်စွာပင် တည်ရှိနေတတ်သည် ။

"ရိုဆန်"

"ဟုတ်ကဲ့ တီယာ"

"ပြောစရာ ရှိလို့ ဒီကို လာပါဦး"

အပြင်ထွက်ဖို့ ပြင်နေတဲ့ ရိုဆန်ဟာ လက်ထဲက လွယ်အိတ်ကို ပြန်ချ ၊ အာလူးကို အခွံနွာလျက် ရှိသည့် တီယာ့ဘေး သွားထိုင်သည် ။

"ပြောပါ တီယာ"

"ငါ အလုပ်တစ်ခု လက်ခံထားတယ်"

ထိုစကားကြောင့် ရိုဆန် မျက်မှောင်များ ကြုတ်လိုက်မိတာ အမှန်ပင် ။ WLA မှာ အလုပ်လုပ်နေတာ လစာမရတာ သိသော်လည်း အစားအသောက်အတွက်က စိတ်ပူစရာ မလိုဘဲ မဟုတ်လား ။ သူတို့ တူဝကြီးနှစ်ယောက် စားလို့လောက်တဲ့ ရိက္ခာကို WLAက ရနေသားပဲ ။

"ဘာအလုပ်လဲ တီယာ"

"အသိအရာရှိတစ်ယောက်ဆီကပါ"

"အင်း"

တီယာ့စကားကို ထောက်ပေးလိုက်သည် ။ တီယာက အာလူးအခွံခွာပြီးသား ငါးလုံးကို ခြင်းသေးသေးလေးထဲ ပြောင်းထည့်နေသည် ။

"သူ့မှာ မိန်းမရှိတယ် ၊ သူ့မိန်းမက နေမကောင်းဖြစ်ထားတာ မကြာသေးတာကြောင့် လတ်ဆတ်တဲ့ ပတ်ဝန်းကျင်မှာ နေဖို့လိုတယ်လို့ ဆရာဝန်က ပြောတယ် ၊ သူကလည်း နောက်နှစ်လနေရင် ပစိဖိတ်စစ်မျက်နှာမှာ တာဝန်ယူရတော့မယ်ဆိုတော့ ဒီကြားထဲ သူ့မိန်းမ နေပြန်ကောင်းအောင် ငါတို့ဆီ ခဏ ပို့ထားချင်တယ်တဲ့ ၊ လခပေးမယ် ပြောတယ်"

"တီယာနဲ့ ဘယ်လို သိတာလဲ ၊ အဲဒီ စစ်ဗိုလ်က"

"ဒီအတိုင်းပါပဲ"

"နှစ်လတည်းနဲ့ ငွေက ဘယ်လောက်ရမှာ မလို့လဲ တီယာရယ် ၊ ငွေက လိုသေးလို့လား"

Repeat That Song !Where stories live. Discover now