အိပ်မက်ဆိုးတွေ မက်တဲ့ညလည်း လွန်စေ ၊
နာနာကျင်ကျင် ငိုကြွေးရတဲ့ နေ့လည်း ကုန်စေ ၊
အချစ်ရေ မင်းသာ ငါ့ဘေးရှိရင် ။_________________________________________
"ချန်း"
စက်ဘီးတွန်းရင်း လမ်းလျှောက်နေတဲ့ ချန်းဘေးနား ခုန်စွခုန်စွ လုပ်ရင်း ဂျန်းနီ သူ့အိမ်တစ်ည သွားအိပ်ရဖို့အရေး အပြင်းအထန် ကြိုးစားနေမိသည် ။
"အိမ်မှာဆိုလေ မားက အမြဲ ပွစိပွစိနဲ့ ၊ နီနီ အိပ်လို့မရလို့ မျက်ကွင်းလေးတွေတောင် ညိုနေပြီ တွေ့လား ချန်း ၊ ဒီမှာ ကြည့်လို့"
ချန်းပါးနှစ်ဖက်ကို အတင့်ရဲစွာ ဆွဲဖဲ့ရင်း သူ့ဘက်လှည့်ဖို့ ပြောလိုက်တော့ ချန်းဟာ မျက်မှောင်လေးတွေ ကြုတ်ပြီး ပြန်ကြည့်လာသည် ။
အီး ချစ်စရာကောင်းလိုက်တာ ချန်းလူဆိုးကောင်ရယ် ။
"ငါ့ပါးတွေကို လွှတ်ပေး ဂျန်းနီကင်မ်"
ဝူးဝူးဝါးဝါးပြောနေတဲ့ ချန်းက ခွေးပေါက်စလေးနဲ့ တူတယ် ။ ဂျန်းနီ လူဆိုးကောင်လေးက ချစ်စရာကောင်းလွန်းလို့ ဘယ်လို လုပ်ကြမလဲ ။
"လွှတ်ပေးရင် အိမ်လာအိပ်ခိုင်းမှာလား ပြော"
ချန်းက ဘာမှ ပြန်မပြော ။ မှုန်တေတေမျက်နှာထားဖြင့်သာ ဂျန်းနီကို ချိုကြည့်ကြည့်နေသည် ။ ဒီလိုမျိုးနဲ့ ချန်းကို ချိန်းခြောက်လို့မရမှန်း သိပေမဲ့ ဂျန်းနီလည်း ရလိုရငြား ကြိုးစားကြည့်တာပေါ့ ။
ဂျန်းနီ သွား ၃၂ချောင်းပေါ်အောင် ပြုံးရင်း ဆွဲဖဲ့ထားတဲ့ ချန်းပါးတွေကို လွှတ်ပေးလိုက်တော့ ချန်းဟာ နီရဲသွားတဲ့ သူ့ပါးနှစ်ဖက်ကို ပွတ်သပ်ပစ်သည် ။
"ဟီး ဟီး ချန်း ငါ ညနေလာအိပ်လှည့်မယ်နော်"
ချန်းက ဘာမှ ပြန်မပြော ။ သူ့စက်ဘီးကို တွန်းမြဲသာ တွန်းရင်း လျှောက်နေသည် ။ ဒါက ချန်း လက်ခံတဲ့ သဘောပဲ ။ ဂျန်းနီ ချန်းဘေးနား လက်သီးလက်မောင်းတန်းရင်းသာ အောင်နိုင်သူတစ်ယောက်လို ပြုံးနေမိတော့၏ ။
ဂျန်းနီကြံရင် ချန်းလည်း ခံနိုင်ရိုးလား ဟဲဟဲ ။
_________________________________________