Dusk Till Dawn by ZAYN (Chaennie)

541 57 11
                                    

ပထမအပတ် ။

"ဒီအနီးတစ်ဝိုက်ကတော့ ကြည့်စရာ ရှုစရာ မည်မည်ရရမရှိဘူး ၊ တောတွေတောင်တွေနဲ့ နီးတာမို့ နေရာတိုင်းက သစ်ပင်တွေချည်းပဲရယ် ၊ ကျန်းမာရေးအတွက်ဆိုရင်တော့ အတော်လေး နေလို့ကောင်းမှာပါ"

"ဟုတ်ကဲ့ အဒေါ် ၊ ကျွန်မလည်း ဒီလို တိတ်ဆိတ်နေတာမျိုးကိုပဲ သဘောကျတာပါ ၊ စာရေးလို့ ကောင်းတယ်လေ"

ဂျန်းနီ အဝတ်အိတ်ကို တင်းခနဲဖြစ်အောင် ဆုပ်ကိုင်လိုက်ရင်း အိမ်ထဲကို ဝေ့ဝဲကြည့်လိုက်မိသည် ။ အိမ်ဟာ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တည်ဆောက်ခဲ့သည့် အိမ်ကြီးပုံစံမျိုးပင် ။ အလင်းရောင် ကောင်းကောင်းမဝင် ။ အိမ်ရှေ့ခန်းထဲမှာဆို ပြတင်းပေါက်ဆို၍ နှစ်ခုသာ ရှိသည် ။ အပေါ်ထပ်ကို တက်သည့် လှေကားထောင့်တွင် ဖယောင်းတိုင်မီးတွေ ထွန်းထားတာတွေ့တော့ ဂျန်းနီ နေ့ဘက်ဆိုတာကိုပင် မေ့ချင်သလိုလို ဖြစ်လာသည် ။

"လိုတာရှိရင် ငါတို့ကို ခေါ်လိုက်ပါ ၊ ခြံဘယ်ဘက်က အိမ်က ငါတို့အိမ်ပဲ"

"ဟုတ်ကဲ့ အဒေါ် ကျေးဇူးတင်ပါတယ်"

အိမ်ကို ငှားရမ်းသည့် အဒေါ်ကြီး၏ မျက်နှာကို ဂျန်းနီ အနည်းငယ် ကြောက်မိသည် ။ စတွေ့ကတည်းက ပြုံးရယ်တာဆို၍ မရှိ ။ ခပ်တည်တည် အေးစက်စက်ပင် ဖော်ရွေမှုမရှိသလို ပုံစံမျိုး ၊ မကြိုဆိုချင်သလို ပုံစံမျိုးဖြင့် ဂျန်းနီကို စကားပြောသည် ။ ယခုလည်း ဂျန်းနီကို အေးစက်စက်အကြည့်များဖြင့် ကြည့်ကာ ခေါင်းညိတ်ထွက်သွားသည် ။ ဂျန်းနီ လက်ထဲက သော့ကို ကိုင်ရင်း သက်ပြင်းတစ်ချက် ရှိုက်လိုက်ကာ အိမ်အပေါ်ထပ်ကို ငေးကြည့်လိုက်၏ ။

အင်း တစ်လလောက်တော့ ဒီမှာ ငြိမ်သက်မှုကို ခံစားပါဦးမယ်လေ ။

"ဘုရားရေ !!"

ထိတ်ခနဲ ဖြစ်သွားသည်နှင့်အတူ တုန်တက်သွားသော ခန္ဓာကိုယ် ။ ဂျန်းနီ ‌အသက်ရှူတောင် မှားသွားသည် ။ အဒေါ်က ဂျန်းနီ အနောက်တွင် နီးနီးကပ်ကပ် ရပ်နေပြီး ဂျန်းနီကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်ကိုး ။

"ဘာ ဘာဖြစ်လို့လဲ အဒေါ် ၊ အသံမပေးဘဲ ကျွန်မဖြင့် လန့်သွားတာပဲ"

Repeat That Song !Where stories live. Discover now