Untitled 2014 by G-Dragon (Chaennie)

366 30 9
                                    

ပတ်ဝန်းကျင်ရှိ လေထုက အေးစက်ငြိမ်သက်လျက် ။ သူ့မျက်စိရှေ့တွင် နှင်းမှုန်များ တဖွဲဖွဲ ကျနေကြသည် ။ ထိုနှင်းမှုန်များကြားတွင် သူ မပီမပြင် ရှာတွေ့သည့်အရာက အပြုံးသေးသေးကလေး ။

သူက ကိုယ့်ဆီ တစ်လှမ်းချင်း လှမ်းလာသည် ။ အိပ်မက်နှင့် တူသည် ။ ဆောင်းရာသီ၏ မပြီးဆုံးနိုင်သည့် အိပ်မက်ရှည်ကြီးနှင့် တူသည် ။

"my ruby"

ကိုယ့်အသံက ကွဲအက်ဆို့နင့်နေသည့်အသံ ။ သူက ကိုယ့်ကို ဘာစကားမှ ပြန်မပြောဘဲ ငြိမ်သက်စွာပင် ဖက်ထားပေးသည် ။

"ရှင်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေ အကုန်လုံးကို ပြန်ယူသွားပါ ရိုဆန် ၊ အဲဒီ နာမ်စားကိုရော ၊ အဲဒီ အခိုက်အတန့်တွေကိုရော"

သူ့လက်များ တုန်ယင်နေသည် ။ ရင်ခွင်ထဲက ထိုမိန်းကလေးကို နောက်ဆုံးအနေဖြင့် ဖက်တွယ်ထားလိုက်ဖို့ သူ့လက်တွေ သတ္တိမရှိ ဖြစ်နေကြသည် ။

"တောင်းပန်ပါတယ်"

ထိုစကားက သူပဲ ပြောလိုက်သည်လား ၊ ထိုမိန်းကလေးပဲ ပြောလိုက်သည်လား မသေချာ ။ အေးစက်နေသည့် ရာသီဥတုအရှိန်ကိုလည်း သူ သတိမထားမိနိုင် ။ သူ့အာရုံထဲ ပြေးလွှားနေကြသည်က အရင်တစ်ချိန် သူ ပိုင်ဆိုင်ခဲ့ဖူးသော အမှတ်တရများသာ ။

ရင်ခွင်ထဲမှ အငွေ့အသက် သေးသေးကလေး လွတ်ထွက်သွားသည် ။ ဖက်လိုက်ဖို့ တုန်လှုပ်နေခဲ့သည့် ရိုဆန့်လက်တွေကို တွန်းတိုက်သွားသည် ။

"ဂွတ်ဘိုင် ရိုဆန် ၊ ကျွန်မတို့ ဘယ်တော့မှ ထပ်မတွေ့ကြရအောင်"

ထိုစကားကို ကြားပြီးသည့်နောက် ရိုဆန့်ဒူးတို့ မြေပြင်ပေါ် အရှုံးပေး ညွတ်ကျချင်လာသည် ။ လူတစ်ကိုယ်လုံးက ဆို့နင့်နေသလို ၊ ဘာစကားမှလည်း မပြောနိုင် ။ သူ့ကိုလည်း ဆွဲမထားလိုက်နိုင် ။

နှင်းမှုန်များကြားက တရွေ့ရွေ့ဝေးကွာသွားသော ပုံရိပ်ကလေးကို ကြည့်၍ ရိုဆန့် နှုတ်ခမ်းဖျားတို့ ခပ်ဖွဖွ လှုပ်ရှားလာကြသည် ။ ဆောင်းရာသီတွင် စတင်ခဲ့သော သူတို့ဇာတ်လမ်းကလေးဟာ ဆောင်းရာသီတွင်ပင် အဆုံးသတ်ခဲ့ကြရသည် ။ အခုတော့ ပေးထားခဲ့တဲ့ ကတိတွေကိုလည်း အမှတ်မရနိုင် ၊ ဖလှယ်ခဲ့ကြဖူးတဲ့ အနမ်းတွေရဲ့ အထိအတွေ့ကိုလည်း သိမ်းမထားနိုင် ၊ အရာအားလုံးဟာ နောက်ဆုံးအကြိမ်အဖြစ်တောင် သူ့ခေါင်းထဲ ပေါ်မလာနိုင် ။ အခုတော့ သူတို့နှစ်‌ယောက် တကယ် ဝေးသွားခဲ့ကြပြီ ။ ဆောင်းရာသီသည် တကယ်ပင် အေးစက်လာသည် ။ ဒီလိုဖြင့်ပင် ရိုဆန်ဟာ ဆောင်းရာသီထဲတွင် သေဆုံးရမည် ။

Repeat That Song !Where stories live. Discover now