Thinking Out Loud by Ed Sheeran (Chaennie)

568 49 11
                                    

recommendပေးထားတဲ့ သီချင်းကို နားထောင်ရင်းမှ ဖတ်ဖို့ highly suggestပါနော် ။ နောက်ပြီး တစ်နေရာရောက်ရင် Elvis Presleyရဲ့ "Burning Love" ကိုလည်း ဖွင့်ထားစေချင်ပါတယ် ။ သီချင်းနဲ့ တွဲနားထောင်မှ ကျွန်တော် ခံစားခဲ့တဲ့ ပုံရိပ်တွေအားလုံးကို မင်းတို့လည်း ခံစားနိုင်မယ်လို့ ထင်တဲ့အတွက် ကျွန်တော် ပြောထားတဲ့ သီချင်းလေးတွေကို သေချာပေါက် နားထောင်ရင်းနဲ့မှ ဒီတစ်ပုဒ်ကို ဖတ်ပါခင်‌ဗျ ။

_________________________________________

"ဟန်နီ ဟန်နီ"

"တွေ့တဲ့ လူတိုင်းကို အဲ့ဒီလို လိုက်ခေါ်နေတာလား"

"ဟင့်အင်း မင်း တစ်ယောက်ကိုပဲ ခေါ်တာပါ ဟန်နီ"

"ယုံချင်စရာပဲ ၊ ပထမဆုံးတွေ့တဲ့အချိန်မှာတင် ဟန်နီလို့ အတင့်ရဲပြီး ဘယ်နှယောက်ကိုများ ခေါ်ခဲ့ဖူးသလဲ မသိဘူး"

"ဒါလင့်ကို နမ်းပါဦးလား"

"တော်ပါ စီးကရက်နံ့ကို ကျွန်မ မကြိုက်ဘူး"

"ဒါပေမဲ့ ဒါလင့်နှုတ်ခမ်းတွေကိုတော့ မင်း မလွန်ဆန်နိုင်ပါဘူး ဟန်နီ"

"လူလည်ပဲ ဒါလင်က"

_________________________________________

ဒါလင်တစ်ယောက် အိပ်ပျော်နေသည်မှာ အတော်ချစ်စရာကောင်းသည်ကြောင့် ဂျန်းနီ ခပ်ဖွဖွကလေး ပြုံးမိသည် ။ ပြတင်းပေါက်မှ နေရောင်ခြည်နုနုက ဒါလင့်မျက်နှာပေါ် ပြေးလွှားကစားကြသည် ။ နေမထိ ၊ လေမထိ မွေးလာသည်ဟု ထင်ရသော ဒါလင်နှင့် ယှဉ်လျှင် သူသည်ပင် နူးညံ့သည်ဟု မထင်ရတော့ပါ ။ ဒါလင်က အတော် ချစ်စရာကောင်းပါသည် ။ ဂျန်းနီအပိုင်ဖြစ်သည်မို့ ပို၍ ချစ်ဖို့ကောင်းပါသည် ။

"မောနင်းကစ်စ် ဟန်နီ"

"လာ ဒီအနားကို"

အိပ်နေရာမှ သူ ရှိရာဆီ ကုန်းရုန်းထလာကာ ထိုအိပ်ရာပေါ်မှပင် ဂျန်းနီ ခါးတို့ကို ဖက်၍ မျက်လုံးမှိတ်ထားသော ဒါလင်သည် တစ်ခါတလေတော့လည်း ယခုကဲ့သို့ အလွန်ချွဲတတ်သည့် ကလေးလေးဖြစ်ပါသည် ။

ဂျန်းနီသည် ‌သူရှိရာဆီ မျက်နှာကလေးမော့ကာ နှုတ်ခမ်းစူထားသော ဒါလင့်မျက်နှာပေါ်ရှိ ဟိုတစ်စ ဒီတစ်စ ဆံနွယ်စလေးများကို အသာ ဖယ်ပေးလိုက်သည် ။ ထို့နောက် အသင့်စောင့်နေသော ဒါလင့်နှုတ်ခမ်းပါးကလေးဆီသို့ သူ့နှုတ်ခမ်းသားတို့ကို ပျော်ဝင်ခွင့်ပေးလိုက်သည် ။

Repeat That Song !Where stories live. Discover now