B.I-The Island of Misfit Toys
လူတွေအကုန်လုံးက ပြည့်စုံတယ်ဆိုတာ မရှိဘူး ။ ငါတို့ အကုန်လုံးက ကြီးမားလှတဲ့ စကြဝဠာကြီးနဲ့ ယှဉ်လိုက်ရင် မြူမှုန်စာတောင် မရှိတာလေ ၊ ဘာတွေကို စိုးရိမ်နေတာလဲ ။ ချစ်လို့ရတုန်း ချစ်ထားကြ ။ ဒီအခိုက်အတန့်တွေအားလုံးက ကြာလာရင် အမှတ်တရဖြစ်သွားမှာ ။ ဘယ်အချိန် သေသွားမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်တာမလို့ ဘာကိုမှ မကြောက်နဲ့ ဟန်နီ ။
🏝️
"ရိုဆန်ပတ် !"
"ဘာလဲ"
"ငါ့ကို လွှတ်နော်"
"နိုး နဲဗား"
ဂျန်းနီလက်ကောက်ဝတ်ကို အတင်း ဆွဲကိုင်ထားရာကနေ ရိုဆန်ပတ်က မျက်ခုံးတွေပင့်ချီရင်း ဂျန်းနီ မခံနိုင်စရာလေသံနဲ့ ပြောတယ် ။ ဂျန်းနီက ပြောမရတဲ့အဆုံး ရိုဆန်ပတ်ကို နောက်ဆုံးသတိပေးသလိုမျိုး အကြည့်နဲ့ ကြည့်တော့
"ဘာကြည့်တာလဲ ကလေးမ ၊ လူကောင်ကဖြင့် လက်တောက်လောက်ကိုနော်"
"လွှတ်မှာလား မလွှတ်ဘူးလား ရိုဆန်ပတ် ၊ နောက်ဆုံးအကြိမ် မေးနေတာ"
"ဟင် နောက်ဆုံးအကြိမ်တောင် ရောက်သွားပြီလား ၊ နည်းနည်းတောင် စိတ်ရှည်မပေးဘူး"
ရိုဆန်ပတ်ဆီက ပွစိပွစိအသံတွေ ပြီးတဲ့အထိ ဂျန်းနီက မျက်ထောင့်နီကြီးနဲ့ ရိုဆန်ပတ်ကို စောင့်ကြည့်နေတယ် ။ အဲဒီနောက်မှာတော့ ရိုဆန်ပတ်က မလွှတ်ချင်လွှတ်ချင်နဲ့ပဲ ဂျန်းနီလက်ကောက်ဝတ်တွေပေါ်က သူ့လက်ချောင်းတွေကို ဖြေလျှော့ပေးလိုက်တယ် ။
"လက်ကောက်ဝတ်တွေ နာနေမှာစိုးလို့ လွှတ်ပေးလိုက်တာနော်"
"သောက်ပိုတွေ !!"
"ဟော ဂျန်းနီကင်မ် အဲဒီစကားလုံးကြီးကို မသုံးနဲ့လို့ ပြောထားတယ်မလား"
ရိုဆန်ပတ်က အလိုမကျတဲ့ အကြည့်တွေနဲ့ ကြည့်ပြီး မျက်မှောင်တွေကို ကြုတ်ထားတယ် ။ ဂျန်းနီကင်မ်က အရေးမစိုက်တဲ့ မျက်နှာပေးနဲ့ ။ နှစ်ယောက်သား ဘယ်သူကမှ စပြီး အလျှော့ပေးမဲ့ပုံမပေါ် ။