"မျက်လုံးများ ဖွင့်လို့ထားလဲ ××× အမြင်အာရုံထဲ မင်းပဲ ကိုယ်မြင်နေတယ်××× ရင်မှာထာဝစဥ်သာ မင်းကနေရာယူထားခဲ့ပေါ့ ××× ဘဝကို ပိုင်စိုးထား××× 🎵🎵🎵 "
အရာအားလုံး တိတ်ဆိတ်နေချိန် ပျံ့လွင့်လာတဲ့ ဂစ်တာတီးသံနဲ့အတူ သီချင်းဆိုသံကြောင့် အိပိမပျော်သေးတဲ့ ရုဏ်ရုဏ့်မှာ ကုတင်ပေါ်မှ ထထိုင်လိုက်မိ၏။ ဒီအချိန်ကြီးကိုများ ဘယ်သူတွေက။
"နှလုံးသားထဲမှာ တစ်စုံတစ်ရာ ခံစားခဲ့ရတော့ ××× ဝမ်းနည်းလို့ လာတယ် နာကျင်စွာ ရင်မှာ ကိုယ်ကြေကွဲ ~~~~~ "
ခံစားချက်ပါနေသော သီဆိုနေသံသည် ကြားရသူအဖို့ကို ခံစားချက်တွေ ကူးစက်စေတဲ့အထိ။အားစိုက်ကာ နားထောင်မိတော့ ပျံ့လွှင့်လာသောအသံသည် အိမ်ရှေ့တည့်တည့်က ဖြစ်တာကြောင့် ကိုကွန့်တို့အုပ်စု သီချင်းဆိုနေကြတာ ထင်၏။ လူးလဲထကာ ဝရံတာထွက်နားထောင်ရန် ခြေသံဖွဖွနင်းကာ ထွက်လာတော့ ဝရံတာမှာ မတ်တပ်ရပ်နေတဲ့ အလင်းကို တွေ့လိုက်ရတာကြောင့် ခြေလှမ်း တွေ ရပ်တန့်သွားရ၏။
"ဟင်း~~~~~ "
မသက်ဆိုင်နိုင်တော့တဲ့ အရာမို့ သက်ပြင်းသဲ့သဲ့ချကာ အိပ်ခန်းထဲ ပြန်ဝင်ရင်း လှမ်းမြင်ရတဲ့ ဝရံတာဆီ ကြည့်မိတော့ အရိပ်အယောင်မတွေ့။ ပိတောက်ပင်အောက်မှာ ဆိုကြတာ ထင်၏။
"အိမ်မက်ထဲ ရင်ခုန်ဆဲ ××× ကြင်နာသူလေး ရှိတဲ့အချိန် ဘယ်သူတွေများ မင်းအိမ်မက်ထဲ ဝင်~~~နေလဲကွာ ××× ကိုယ့်အတွေးတွေမှာလည်း ကြင်နာသူလေး စိုးမိုးချိန် ××× ဘယ်သူတွေများ မင်းနှလုံးသားထဲ ××× စိုးမိုးလို့ ထားပြီလဲ 🎵🎵🎵 "
သီချင်းစာသားတွေက ဝမ်းနည်းချင်စရာ။ ဖက်လုံးလေးပိုက်ရင်း ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်ကာ နားထောင်နေမိ၏။ပန်းမြိုင်နွယ်မှာက ဒီလိုမျိုး အခြေအနေဆိုတာ ခပ်ရှားရှားရယ်။ သုံးလေးယောက် ပြိုင်တူဆိုနေတာမို့ ဘယ်သူ့အသံတွေလည်းဆိုတာက ခွဲခြားမရ။ သီချင်းတွေ သိပ်နားထောင်လေ့မရှိတဲ့ ရုဏ်ရုဏ့်မှာ သီချင်းစာသားတွေကို သေချာလေး နားထောင်နေမိတာ။ ဝမ်းနည်းနေတာတွေကို သက်သာသွားစေ သလိုဘဲ။
![](https://img.wattpad.com/cover/322003991-288-k865058.jpg)
ESTÁS LEYENDO
မောင့်အာရုဏ်ဦး // COMPLETE //
Romanceမောင်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော သူက မင်းပါ ရုဏ်ရုဏ် 💙💐 ကွန့်ထူးထည်ဝါ မောင့်အာရုဏ်ဦး coverartist = Pann Eain 💐 မောင်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော သူက မင်းပါ ရုဏ်ရုဏ်