😗 19 😗

24K 990 51
                                        

အဝေးသင်ကျောင်းသားကျောင်းသူတို့ရဲ့ သဘာဝအတိုင်း အနီးကပ်ကို လေးငါးရက်ခန့် တက်ပြီး roll call ကို အပြည့်ထိုးကာ ကျောင်းမသွားကြတော့။ ပိတ်ရက်ငါးရက်လောက်ပြီးရင် စာမေးပွဲဖြေရတော့မှာမို့ ကြားထဲမှာ စာကျက်ချိန်က သိပ်မရှိတော့။
တစ်ချို့ကလည်း ကြေးသွန်းထဲမှာ၊ တစ်ချို့ကလည်း ဘုရားမှာ၊ တစ်ချို့ကလည်း အဆောင်ထဲမှာ၊ တစ်ချို့ကလည်း ကျောင်းထဲမှာ စသည်ဖြင့် ကိုယ်အားသန်ရာနေရာမှာ စာကျက်တာတို့ စာစုလုပ်တာတို့သည် ကျောင်းသားတိုင်းကြုံတွေ့ရတဲ့ အတွေ့အကြုံတစ်ခုပင်ဖြစ်၏။ သို့ပေမယ့် ရုဏ်ရုဏ့်မှာတော့ အစ်မတွေ သွားသမျှကို လိုက်ပါနေရကာ စာကျက်ရတယ်ကို မရှိ။ ဒီရက်ပိုင်း ကိုကွန့်ကလည်း စာဘဲပို့ပြီး ဖုန်းဆက်မလာ။ ဘယ်လိုဘဲ ငြင်းဆန်နေပါစေ ချစ်တဲ့စိတ်အရင်းခံရှိတာကြောင့် ချစ်တဲ့သူဆီက အဆက်အသွယ်လုပ်တာမျိုးကို မျှော်လင့်နေမိတာ။

"ရုဏ်ရုဏ် ဆင်းလာတော့လေ ဘာငိုင်နေတာလဲ "

"ဟင် အင်း "

အလင်း သတိပေးမှ တွေးပြီးငေးနေရာက သတိဝင်လာ၏။ ခြောက်ယောက်သား လူစုကာ ရွှေမောဓော ဘုရားဆီသို့ ချီတက်ခဲ့ကြ၏။ ပဲခူးမှာက နေရာအနှံ့ပြေးဆွဲနေတဲ့ ခွေးဘီလူးကားလေးတွေ၊ သုံးဘီးဆိုင်ကယ်လို့ခေါ်တဲ့ တုတ်တုတ်လေးတွေက တစ်ယောက်ကို 200နှုန်းဖြင့် ပြေးဆွဲလျှက်ရှိပြီး နည်းနည်းဝေးတဲ့ ခရီးဆိုရင်တော့ လေးရာငါးရာ ပေးရတတ်၏။

"သူများကားတွေ 200ဘဲ ပေးရတာကို ဘာလို့သုံးရာလဲ တစ်ယောက် 200ဘဲထား "

နောက်ဆုံးနှစ်မမက အကြီးဆုံးပီပီ လည်လည်ဝယ်ဝယ်လည်း ရှိတဲ့အပြင် စကားပြောဆိုတာလည်း ရဲတင်းတာကြောင့် တုတ်တုတ်သမားကို စျေးဆစ်နေတော့၏။

"မရပါဘူး ညီမရယ် ညီမတို့ စီးလာတာ ကျောင်းရှေ့ကနေလေ "

"အဲ့ဒါဆိုလည်း တစ်ယောက် 250 ဘဲထား "

"မမရယ် မဆစ်ပါနဲ့တော့ ပေးလိုက်ပါ "

ဇွဲလရောင်က ဝင်ပြောလာတော့ မျက်ထောင့်နီဖြင့် ကြည့်ကာ

"ဘာသိလို့လဲ ဇွဲလေး "

"ကဲ ကဲ 250 ဘဲ ပေးခဲ့လိုက်တော့ ခြောက်ယောက်ဆိုတော့ 1500"

မောင့်အာရုဏ်ဦး // COMPLETE //Место, где живут истории. Откройте их для себя