"အဲ့ဒါ ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ ရုဏ်ရုဏ်! "
"ဟင် ! "
တံခါးဝက ထွက်ပေါ်လာတဲ့အသံကြောင့် ရုဏ်ရုဏ် တုန်ခနဲဖြစ်သွားကာ လှည့်ကြည့်လိုက်တော့ အလင်း။ ဒေါသထွက်နေတဲ့ အသွင်တော့ မဟုတ်ဘဲ စူးစမ်းသလို အကြည့်တွေကြောင့် ရုဏ်ရုဏ့်မှာ ဘာပြန်ပြောရမှန်း မသိ။
"ဟို ဟို "
လက်မှာကိုင်ထားတဲ့ ဖုန်းကို End call အပြေးအလွှားနှိပ်ကာ ချီတုံချတုံဖြင့် တုန်တုန်ယင်ယင် ဖြစ်နေမိ၏။
"မေးနေတယ်လေ ဘယ်သူနဲ့ ပြောနေတာလဲ "
အော်မေးသံသည် ရုဏ်ရုဏ့်ကို တုန်ခနဲဖြစ်သွားစေတဲ့အထိ ပြင်းထန်၏။ တဖြေးဖြေးနဲ့ ဒေါသထွက်လာဟန်တူတဲ့ အစ်မဖြစ်သူကြောင့် ရုဏ်ရုဏ့်မှာ နေစရာမရှိတော့ဘဲ အငွေ့ပျံကာ ပျောက်ကွယ်သွားချင်မိတော့၏။
"နော် မေးနေတယ် ဘယ်သူနဲ့ပြောနေတာလဲ အဲ့ဖုန်းက ဘယ်တုန်းက ဝယ်ထားတာလဲ "
"ဟို "
တဖြေးဖြေးအနားကို လျှောက်လာတာကြောင့် မဟုတ်တာလုပ်မိထားတဲ့ ရုဏ်ရုဏ်မှာ ကုတင်ရှိရာဘက်ကို တဖြေးဖြေး ဆုတ်ရင်း နေစရာမရှိတော့။ အဆိုးဆုံးက အစ်မဖြစ်သူ စေ့စပ်ထားတဲ့လူနဲ့ ဖုန်းပြောနေမိတာဘဲ။ ထိုအချိန်မှာဘဲ ဝင်လာတဲ့ ဖုန်း။အသံကြားရာကို ကြည့်လိုက်ရင်း ရုဏ်ရုဏ့်မှာ လန့်ဖြန့်ပြီး ခြေလှမ်းတွေ ရွေ့မရတော့ချေ။ အလင်းက မျက်မှောင်ကျုံ့ကာ ကြည့်လိုက်ရင်း ဖုန်းကို ကောက်ကာ ကိုင်လိုက်ပြီး Speaker ဖွင့်လိုက်၏။
"Hello ရုဏ်ရုဏ် "
ကိုကွန့်ရဲ့ သြရှရှ အသံက ထွက်ပေါ်လာ၏။
"သြော် ကိုကွန့်လား အလင်းရယ်"
"သြော် အလင်းရောက်လာတာလား ကိုယ်က ရုဏ်ရုဏ်လေး နေမကောင်းဘူးပြောလို့ ဖုန်းလှမ်းဆက်မေးတာ ပြောရင်း ကျသွားလို့ "
အလင်းက မျက်မှောင်ကျုံ့ထားရက်နဲ့ ရုဏ်ရုဏ့်ဘက်ကို လှည့်ကြည့်ရင်း
"နေပါအုံး ကိုကွန့်က ရုဏ်ရုဏ့်ဖုန်းနံပါတ် ဘယ်လိုရလဲ နော်တောင်မသိဘူး အခုမှ မေးရမှာ "

أنت تقرأ
မောင့်အာရုဏ်ဦး // COMPLETE //
عاطفيةမောင်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော သူက မင်းပါ ရုဏ်ရုဏ် 💙💐 ကွန့်ထူးထည်ဝါ မောင့်အာရုဏ်ဦး coverartist = Pann Eain 💐 မောင်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော သူက မင်းပါ ရုဏ်ရုဏ်