🎥 24 🎥

23.1K 917 23
                                        

"ကိုကို "

နဖူးပေါ် ခပ်နွေးနွေး အထိအတွေ့နဲ့အတူ ခေါ်သံသဲ့သဲ့ကိုပါ ကြားလိုက်ရတာကြောင့် မဖွင့်ချင်ဖွင့်ချင် ဖြစ်နေတဲ့ မျက်လုံးကို အားယူကာ ဖွင့်ကြည့်လိုက်တော့ သူ့ကို ငုံ့မိုးကြည့်နေတဲ့ စျာန့်ကို တွေ့လိုက်ရ၏။ 

"ဟင် စျာန် "

ငုံ့မိုးနေမှုက ရှင်းသန့်နဲ့ တသားတည်း ဖြစ်တော့မလို အနေအထားကြောင့် သူ့ရင်ဘတ်တွေကို လက်ဖြင့် တွန်းလိုက်ကာ ကိုယ်ကိုတိုင်လည်း ကုတင်ခေါင်းရင်းဘက်ကို ရွှေ့ကာ စျာန့်ရဲ့အနောက်ဘက်ကို ဆုတ်လိုက်မိ၏။အိပ်ချင်မူးတူးဖြစ်နေတဲ့ မျက်လုံးအစုံဟာ ပြူးကျယ်သွားတော့တာဘဲ ။

"ဘာလို့ အတင်းလာကပ်နေတာလဲ "

"စျာန်က ဘယ်မှာကပ်လို့လဲ ကိုကိုကလည်း "

"မင်း! "

"ကိုကို "

စောစောစီးစီး စျာန်တွေ ကိုကိုတွေ လုပ်နေတဲ့ အမောင်သူရိန်လင်းစျာန်ကို ရှင်းသန့် မျက်စောင်းထိုးကာ ကြည့်လိုက်မိ၏။ ကျပ်မပြည့်ဘူးလား မသိ။

"ဘာတွေမျက်စောင်းထိုးနေတာလဲ ကိုကိုရ "

"စောစောစီးစီး ကိုကို ကိုကိုနဲ့ မခေါ်စမ်းပါနဲ့ စျာန်ရာ ကျက်သရေမရှိဘူး "

နင်သွားတာဘဲ။ ကိုကိုလို့ခေါ်တာကို ကျက်သရေမရှိဘူးတဲ့။ ဘယ်လိုတွေတောင် ပြောရက်ရတာလဲ ဒီရှေ့နေလေးက။ စျာန်လည်း အောင့်သက်သက်နဲ့ဘဲ မချိပြုံးပြုံးကာ ကိုရှင်းကိုလက်တွေကနေ ဆွဲထူလိုက်ပြီး

"မစောတော့ဘူး ၈နာရီခွဲတော့မယ် စျာန်တောင် ဂျူတီပြီးလို့ ပြန်လာတာ "

ပြောလိုက်တော့မှ ပြူးတူးပြဲတဲဖြင့် ထလာပြီး ဟိုကြည့်ဒီကြည့်ဖြင့်

"ဘာ ဘယ်လောက်!! ဘယ်နှစ်နာရီ ဟမ် ကိုးနာရီ အမှုသည်နဲ့ ချိန်းထားသေးတယ် "

"အဲ့ဒါဆိုလည်း ထထ စျာန် လိုက်ပို့မယ် "

"ရတယ် ရတယ် ဒီနေ့ ငါ့ဘာသာသွားမှာ မင်း နားလိုက်အုံးစျာန် အိပ်ရေးလည်း ပျက်ထားတာ "

"ရတယ် စျာန်လိုက်ခဲ့ "

"ငါပြောတာ နားထောင် "

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now