😤 27 😤

21.4K 891 41
                                        

"ဟာကွာ တောက်!!! "

ပတ်ဝန်းကျင်တစ်ခုလုံး အသက်ရူသံတောင် မကြားရတဲ့အထိ တိတ်ဆိတ်နေသည်။ သူဌေးတစ်ယောက်ဖြစ်တဲ့ ဂျူးစေရာ တစ်ယောက် ဖူးခက်သွားလိုက်တာကို လက်ထောက်အပါအဝင် ဘယ်သူမှ မသိလိုက်တာမို့ ဂျိမ်းရောက်လာတဲ့အချိန်မှာ ပေါက်ကွဲဲပြီး အဆူခံကြရတော့သည်။ မှီလောက်အုံးမယ်ထင်ပြီး ကွန့်ထူးရောက်ရောက်ချင်း ချောင်းသာကို ထွက်လာခဲ့ပေမယ့် ဂျူးစေရာက နေ့လည်လောက်ထဲက ဟိုတယ်ကို ပြန်မလာတာတဲ့။

"အရင်ရက်တွေက ဘာပြောသေးလဲ မင်းတို့ကို "

"စကားသိပ်မပြောပါဘူး Boss တစ်ချိန်လုံး computer ရှေ့က မထပါဘူး "

"အင်း "

စကားတွေလည်း ရှည်ရှည်ဝေးဝေး မပြောတတ်တဲ့လူမို့ ကျန်တဲ့ကောင်တွေဆီ လှမ်း​ပြောပြီး ဖူးခက်ကို လိုက်သွားဖို့ ပြင်ရတော့သည်။ ဒီရက်တွေမှာ ဂျူးစေရာနဲ့က စကားမပြောဖြစ်ကြ။ ကွန့်ထူးပြောသလို သူက အနောက်ကလိုက်ပြီး အမြဲလိုက်ချော့ခေါ်နေရတဲ့ ကောင်မို့ ဒီတစ်ခါလည်း သူ့စခေါ်မှ ရမယ့်အခြေအနေ။ ဂျူးစေရာတို့က ကောင်းစေချင်လို့ ပြောတာကိုလည်း နားမလည် လူကိုလည်း စိတ်ဆိုးစိတ်ကောက်နဲ့ အရွဲ့ကတိုက်သေးတာ။ ညတွင်းချင်းဘဲ ထိုင်းကိုသွားမယ့် အမြန်လေယာဥ်နဲ့ ဖူးခက်ကို လိုက်လာခဲ့လိုက်သည်။ နာရီဝက် လေးဆယ့်ငါးမိနစ်ဘဲ ကြာတဲ့ခရီးမို့ ညဆယ်နာရီလောက်မှာ ဖူးခက်ကို ရောက်လာခဲ့သည်။ ဖူးခက်ဟာ အနယ်နယ်အရပ်ရပ်က ကမ္ဘာလှည့်ခရီးသည်တွေနှင့် စည်ကားတဲ့ မြို့ဖြစ်တာကြောင့် ဒီ​မြို့မှာ ဂျူးစေရာကို ရှာဖို့ထက် ကောက်ရိုးပုံထဲ အပ်ပျောက်ရှာတာက လွယ်ကူအုံးမည်။ ဂျိမ်းမှာ ခရီးလည်း မပန်းအား။ တည်းမယ့်ဟိုတယ်ကို တန်းသွားပြီး check in မဝင်ခင် ဂျုးစေရာနာမည်နဲ့ check in ဝင်ထားတဲ့လူ ရှိလား မေးကြည့်မိသေးသည်။ မရှိဘူးလို့ ပြောလာတာနဲ့ ညတွင်းချင်း ရှာဖို့ ပြင်ရတော့သည်။

"အခြေအနေ ဘယ်လိုလဲ ဂျိမ်း! ".

Group chat ထဲ ကွန့်ထူးမေးလာတာကို ကြည့်ပြီး ပြန်မဖြေမိ။ ဖြေချင်စိတ်လည်း ရှိမနေတာကြောင့် ဖုန်းကို ခါးကြားထိုးဖို့ လုပ်တော့ နောက်ထပ်ဝင်လာတဲ့ ကိုရှင်းဆီက စာ။

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now