💝 32 💝

12.2K 606 40
                                    

"လွှတ်လို့ ကိုကွန့် "

ဘယ်နားကနေကြည့်ကြည့် အမြင်မသင့်တော်ကြောင့် သူ့လက်ထဲက လွတ်အောင် အတင်းကို ရုန်းကန်နေမိသည်။ ဒါကိုပင် သူက ခါးတွေကို ပိုတိုးလို့ဖက်လာတာကြောင့် ရုဏ်ရုဏ့် ခန္ဓာကိုယ်သေးသေးလေးမှာ ကိုကွန့်ရင်ခွင်ထဲ နစ်မြှုပ်သွားတော့သည်။ စံပယ်ပန်းထည့်ထားတဲ့ ခွက်ကလေးကို ကိုင်ကာ တစ်ဖက်ကလည်း ကွန့်ထူးရင်ဘတ်တွေကို တွန်းထားရင်း ရုန်းကန်ရင်းဖြင့် အလုပ်တွေ များနေရှာသည်။

"ခဏလေးကွာ မောင် ခဏလေး ဖက်ချင်လို့! "

သြသြရှရှအသံဖြင့် တောင်းဆိုလာတဲ့ အသံကြောင့် ရုဏ်ရုဏ့်ရဲ့ လှုပ်ရှားမှုတို့ ရပ်တန့်သွားရသည်။ထိုအသံဟာ ရုဏ်ရုဏ့်ရဲ့ နှလုံးအိမ်မှာ ပဲ့တင်မြည်ဟီးသွားပြီး အရာရာကို လိုက်လျောလိုက်ချင်စိတ်က အပြည့်အဝပါဘဲ။ ရင်တွေတသိမ့်သိမ့်ခုန်ရပြီး ထပ်ကာထပ်ကာ ကြားချင်မိတဲ့အထိပါဘဲ။ ပြီးနောက် သက်ပြင်းလေး ကြိတ်ချကာ ချစ်ရသူရဲ့ မျက်နှာကို မော့ကြည့်လိုက်သည်။ ဘယ်လောက်တောင် လွမ်းခဲ့ရသလဲ။ ဒီလူ့ရဲ့ အငွေ့အသက်တွေ ဒီလူရဲ့ မျက်နှာ ဒီလူရဲ့ စကားသံကအစ ရုဏ်ရုဏ့်မှာ ဘယ်လောက်တောင် လွမ်းခဲ့ရသလဲ။

"ဟင် ~~~~ "

အခုမှ သေချာကြည့်မိတဲ့ မျက်နှာချောချောမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့။ နဖူးမှာလည်း အနာကပ်ပလာစတာ ကပ်ထားသေးသည်။ ရုဏ်ရုဏ်လည်း ရင်ထဲထိတ်သွားသလို့ မျက်ရည်လေးတွေ ဝဲတက်လာပြီး ရင်ခွင်ထဲက အတင်းရုန်းထွက်ကာ လက်တွေပါ ဆွဲယူကြည့်ပြီး ခြေဆုံးခေါင်းဆုံး အပြန်ပြန်အလှန်လှန် ကြည့်နေမိသည်။

"ဘာ ဘာဖြစ်ထားတာလဲ "

မေးရင်းမှ ချက်ချင်းတိမ်ဝင်သွားတဲ့ အသံလေး။ မျက်တောင်လေးတွေကို တဖျက်ဖျက်ခတ်ရင်း ဝမ်းနည်းနေဟန်ဖြင့် မေးလာတဲ့ ကောင်လေးငယ်ကြောင့် ကွန့်ထူးလည်း ပါးလေးနှစ်ဖက်ကို အုပ်ကိုင်ကာ

" ရုဏ် မောင့်ကို ကြည့်"

"ဘာ ဘာဖြစ်ထားတာလဲလို့ အင့်! "

"မငိုနဲ့လေ မောင် ဘာမှမဖြစ်ပါဘူး "

ချက်ချင်း မျက်ဝန်းထဲမှာ မျက်ရည်တွေ ပြည့်လျှံလာသူကြောင့် ကွန့်ထူးမှာ နေလို့ထိုင်လို့ မရတော့။ ပါးနှစ်ဖက်ကို အုပ်ကိုင်ကာ နဖူးချင်း ထိကပ်လိုက်ပြီး မြင်နေရတဲ့ မျက်တောင်လေးတွေကို ငေးကာ

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now