📎11📎

12.5K 670 58
                                    

"ဘာမွေးစားချင်တယ်!!!!"

စူးကနဲထွက်လာတဲ့ ဂျူးစေရာရဲ့အသံကြောင့် ကွန့်ထူးမှာ နားနဲ့ခွာလိုက်ရတဲ့အထိ။ဟယ်လိုတောင် မလာသေးဘဲ ဒီစကားစပြောလာပုံထောက်ရင် ကိုရှင်းသန့် သူတို့ကို ပြောပြပြီးပြီ ထင်၏။

"ဘာလဲဆိုတော့ မောင့်အာရုဏ်ဦး ကိုလေ "

"ကွန့်ထူးထည်ဝါ"

"ဘာလဲ "

"ရူးသွားတာလား မင်း! "

"မင်းတို့ကလည်း ရူးသွားတာလားဘဲ မေးနေတယ် မရူးလို့ မွေးစားချင်တယ် ပြောတာပေါ့ "

"အဲ့တော့ ဟိုက လက်ခံလား "

"မပြောရသေးဘူး "

"မင်း မွေးစားချင်တာရော ဟုတ်ရဲ့လား ကိုကွန့်ရာ "

"မင်းတို့ကို ကိုရှင်းပြောပြပြီးပြီ မှတ်လား "

"အေး ပြောပြပြီးပြီ မူမမှန်လို့လေ စျာန်နဲ့ ဂျိမ်းက ဒီရက်ထဲမအားလို့ ငါတစ်ယောက်ဘဲ လာပြောရတာ မင်းကို! "

သြော်! အားရင်တော့ လူစုံတက်စုံ လာပြောဖို့ ဆန္ဒရှိကြတယ် ထင်၏။တကယ့်လူတွေ။

"ဘာကို မူမမှန်တာလဲ "

"ငါပြောမယ် ကွန့်ထူးထည်ဝါ အသက်ငါးနှစ်လောက်ဘဲ ကွာတဲ့ ယောက်ျားလေးတစ်ယောက်ကို ဘယ်ယောက်ျားလေးကမှ မွေးမစားချင်ဘူး! "

"ငါမွေးစားချင်တယ်လေ "

"အား! လုပ်လုပ် မင်းကလည်းတစ်မျိုး ဟိုရှေ့နေကောင်ကလည်း တစ်မျိုး အကျိုးသင့် အကြောင်းသင့်မရှင်းပြဘဲ စာချုပ်စာတမ်းတွေတောင် ပြင်ဆင်ပေးနေလိုက်သေးတယ်"

ဂျူးစေရာရဲ့ ဒေါသသံဖြင့် အော်ဟစ်တာကို ကွန့်ထူးထည်ဝါ တစ်ယောက် နားမလည်နိုင်ပါချေ။ လူတစ်ယောက်လေး မွေးစားတာကို ဘာတွေခက်နေတာလဲ။ ရုဏ်ရုဏ့်ဆီက မွေးစားဖို့ ခွင့်ပြုတယ်ဆို ဖားသားကြီးကို ပြောပြီး မွေးစားဖို့ လုပ်တော့မှာ။

"ဘာများမှားလို့လဲ "

"မမှားဘူး ဆက်လုပ် ဆက်လုပ် မပြောတော့ဘူး ကြည့်နေမယ် "

"ကောက်သွားတာလား "

"ကောက်ရအောင် ငါက ကလေးလား "

မောင့်အာရုဏ်ဦး // COMPLETE //Donde viven las historias. Descúbrelo ahora