" ဖြစ်နိုင်ရင် ငါပါလိုက်ချင်တာ "
မနက်စာစားရင်း အစပ်အဆက်မရှိ ပြောလာတဲ့စကားကြောင့် ဂျိမ်းရဲ့ ဖေဖေ၊ မေမေတို့အပါအဝင် ဂျူးကပါ ဘာလဲ ဟုတွေးကာ ကြည့်လိုက်မိသည်။ ဘယ်သူမှ ဂရုမစိုက်သူသည် အေးအေးလူလူ ကော်ဖီငုံ့သောက်နေဆဲ။ ထို့ကြောင့် ကြားထဲက ဦးလေးနဲ့ အန်တီကို အားနာနာဖြင့် ပြုံးပြလိုက်ရပြီး
"ဘာမှမဟုတ်ဘူး ဒီနေ့ သား ကလောသွားမယ်ပြောလို့ လိုက်ချင်နေတာ "
"သြော် သားဂျူးက ဘယ်သူနဲ့ သွားမှာလဲ "
"ကွန့်ထူးနဲ့ပါ သူ့ကိုလိုက်သွားပေးမလို့ "
"အေး အေး ဂရုစိုက်ကြ! "
"ဟုတ် "
နှစ်ယောက်သားရဲ့ ဆက်ဆံရေးကို နှစ်ဖက်မိဘတွေ သိသွားတဲ့အချိန်မှာလည်း ထင်သလောက် မကန့်ကွက်ကြ။ အဖေတွေကတော့ မပြောချင်လို့ လွှတ်ပေးထားကြပေမယ့် အမေတွေကတော့ နှစ်အိမ်လုံးရဲ့ မျိုးဆက်ပြတ်ပြီဟု ပြောကာ ဝမ်းနည်းနေခဲ့ကြသေးတာမို့ ဂျူးတို့မှာ မနည်းနှစ်သိမ့်ထားရသည်။ သို့ပေမယ့် သားတွေရဲ့ ပျော်ရွှင်မှုကို ဦးစားပေးတဲ့သူတွေမို့ ခဏသာပြောပြီး ထပ်မပြောကြတော့။ နဂိုထဲက ဝင်ထွက်နေကြ အိမ်တွေသည် ယခုတော့ မိုးလင်းကမိုးချုပ် နေတဲ့အထိ စားအိမ်သောက်အိမ် ဖြစ်နေပြီ။ ဂျုးဆိုရင်လည်း မျက်နှာတောင် မသစ်ရသေးဘဲ ဂျိမ်းအိမ်ကို ရောက်လာတာ အခါခါ။ ဂျိမ်းရဲ့ ဖေဖေနဲ့ မေမေက စားပြီးတာနဲ့ ထသွားကြတာမို့ ထမင်းစားပွဲမှာ ဂျူးတို့နှစ်ယောက်ဘဲ ကျန်နေခဲ့၏။
"ဘယ်ကိုလိုက်မှာလဲ အလုပ်တွေများနေတာကို "
"စိတ်မချဘူး "
"ခြေရှည်မှာ စိုးလို့လား "
"အဲ့ဒါထက် ကွန့်ထူးက သူ့ဟာလေးက လွဲပြီး မျက်လုံးထဲ မြင်တာမဟုတ်ဘူး မင်းကို ဂရုမစိုက်ဘဲ နေလိမ့်မယ် "
"ကွန့်ထူးလား ငါ့ကို ဂရုမစိုက်ဘဲ နေမှာ ပူမနေနဲ့ ငါ ကလေးမဟုတ်ပါဘူး မင်းကလည်း "
"အင်း မြန်မြန်လည်း လုပ်ကြအုံး အဲ့အိမ်က မနည်းရှာထားရတာနော် သူ့လောက် ဂျီးများတာမျိုး မတွေ့ဖူးဘူး နှင်းဆီဖြူတွေ အများကြီးပါတဲ့အိမ်တဲ့ တစ်ထပ်တိုက်လေးနဲ့ ခြံစည်းရိုးပါ အဖြူရောင် သုတ်ပေးရသေးတယ် "
ВЫ ЧИТАЕТЕ
မောင့်အာရုဏ်ဦး // COMPLETE //
Любовные романыမောင်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော သူက မင်းပါ ရုဏ်ရုဏ် 💙💐 ကွန့်ထူးထည်ဝါ မောင့်အာရုဏ်ဦး coverartist = Pann Eain 💐 မောင်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော သူက မင်းပါ ရုဏ်ရုဏ်
