🖤12🖤

14.3K 713 50
                                    

လိုအပ်တာတွေ ဝယ်မယ်လို့ ပြောပြီး နှစ်ယောက်သား ထွက်လာခဲ့ကြပေမယ့် ရုဏ်ရုဏ်ကိုယ်တိုင်လည်း ဘာဝယ်ရမှန်းမသိ။ကိုကွန့်ကဘဲ ဦးဆောင်ပြီး စျေးထဲကို ခေါ်လာခဲ့တော့ လူများနေတာကြောင့် ရုဏ်ရုဏ်လည်း ခါးနားက အင်္ကျီစလေးကို ကိုင်ကာ လိုက်လာခဲ့လိုက်၏။ကိုကွန့်ကလည်း ရုဏ်ရုဏ်ကိုင်ထားမှန်း သိတော့ ခပ်ဖြေးဖြေး လျှောက်ပေး၏။တစ်လမ်းဝင် တစ်လမ်းထွက် လျှောက်ခဲ့ပြီးမှ ပန်းဆိုင်တွေဘက် ရောက်လာတဲ့အချိန်..

"ရုဏ်က ဘာဝယ်ချင်တာလဲ "

"ဘောပင်တို့ စာအုပ်တို့ "

စိတ်ထဲရှိတာ ပြောလိုက်ရတာ။ ဝယ်ထားတာများအိမ်မှာ ပုံလို့။

"ဆိုင်သိလား ဘယ်နားမှာ ရှိလဲ "

"ရုဏ် မသိ "

ပန်းမြိုင်နွယ် စျေးထဲက ဆိုင်တွေက သူ့အကန့်လေးနဲ့ သူရှိပြီး ညနေသုံးနာရီလောက်အထိကို လူက မပြတ်စည်ကားနေတတ်တာ။ ပန်းမြိုင်နွယ်က ထွက်တဲ့ ပန်းတွေ၊ ခြံထွက်သီးနှံတွေကို အဓိကထား ရောင်းချတာဖြစ်၏။နှင်းဆီပန်းအများဆုံးထွက်တဲ့နေရာမို့ တစ်ခြားမြို့သို့ ပို့ကာ ရောင်းချတာတွေလည်း ရှိ၏။ညနေခင်း ပန်းကားတွေ မြို့ကထွက်ချိန်ဆို ညနေ နေဝင်ဆည်းဆာနဲ့ အရမ်းလှတာလို့ ကြားဖူးထား၏။
ရုဏ်ရုဏ်ကတော့ စီးပွားရေးလုပ်နေတယ်ဆိုပေမယ့် အိမ်တွင်းပုန်းနေတာက ခပ်များများမို့ ပန်းမြိုင်နွယ်အတွင်းက လမ်းတွေတောင် စုံအောင်မသိချေ။

"အင်း ကိုယ်မေးကြည့်လိုက်မယ် "

ကိုကွန့်က ပြောကာ အင်္ကျီစကို ကိုင်ထားတဲ့ ရုဏ့်လက်တွေကို ဆွဲယူကာ သူ့လက်ဖဝါးနွေးနွေးတွေထဲ ထွေးဆုပ်ထားလာ၏။ပြီးနောက် ရုဏ်ရုဏ့်လက်ကို ဆွဲကာ လျှောက်တော့ ရုဏ်ရုဏ်လည်း လက်တွေ ချိတ်ဆက်ထားတဲ့နေရာကို ကြည့်ကာ ပြုံးလိုက်ရင်း ငြိမ်ငြိမ်လေးသာ လိုက်လာခဲ့လိုက်၏။ကိုကွန့်ဟာ ရုဏ်ရုဏ့်အတွက်တော့ ဘာမှမတော်စပ်တဲ့ အခြေအနေမှာတောင် အားကိုးချင်စရာ ကောင်းလှတဲ့ လူသားပါဘဲ။ ဒီလူသားရဲ့လက်မောင်းကို တွဲခိုလို့ လမ်းလျှောက်ချင်တယ်။ ဒီလူသားရဲ့ လက်ကိုတွဲပြီး နေရာအနှံ့လျှောက်သွားချင်တာကလည်း ရုဏ်ရုဏ့်ရဲ့ အိမ်မက်တစ်ခု။

မောင့်အာရုဏ်ဦး // COMPLETE //Where stories live. Discover now