"ဖြန်း!!!! "
လည်ထွက်သွားတဲ့ မျက်နှာနှင့်အတူ မယုံနိုင်သလို ကြည့်လာတဲ့ မျက်ဝန်းတွေက မြင်ပြင်းကပ်စရာ။ အလင်းစိတ်ထဲ ဒေါသထွက်လွန်း၍ စိစိညက်ညက်ကျေအောင်ကို လုပ်ပစ်ချင်နေပြီ။
"အား မမ ဘာလုပ်တာလဲ "
"ဘာလုပ်တာလဲဟုတ်လား ကိုယ့်လုပ်ထားတာ ကိုယ်မသိဘူးလား ဇွဲလရောင်! "
"နော် ဘာလုပ်လို့လဲ "
"နော့်ရှေ့မှာ အပြစ်ကင်းသလို လာလုပ်ပြမနေနဲ့ ဒီမှာ ဒီဓာတ်ပုံတွေ နော့်အဖေဆီ ပို့လာတာ ဘာသဘောလဲ "
အဆင်သင့်ယူလာတဲ့ ဓာတ်ပုံတွေကို ထောင်ပြလိုက်တော့ မျက်လုံးပြူးမျက်ဆံပြူးဖြင့် လှမ်းဆွဲလာသည်။ အလင်းက လက်ကိုပြန်ရုပ်ကာ ရှောင်လိုက်တော့ အလင်းကို စွေကြည့်ကာ
"နော်မှန်း ဘယ်လို့တပ်အပ်ပြောနိုင်ရတာလဲ တစ်ခြားသူဖြစ်နိုင်တာဘဲလေ "
"နော် အားလုံးသိထားပြီးပြီ ဇွဲလရောင် "
ပန်းမြိုင်နွယ်ဆိုတာ ကျဥ်းကျဥ်းလေး။ အလင်းတစ်ချက်မေးလိုက်တာနဲ့ ရေမသောက်ဘဲ ပြောပြမယ့်လူတွေချည်းဘဲ။ အခုကိစ္စလည်း ညတွင်းချင်း ဘယ်သူလဲ သိချင်လို့ စုံစမ်းခဲ့ပြီး ဇွဲလရောင်မှန်း သိတာနဲ့ မနက်ခင်းစောစောကို တွေ့ဖို့ ချိန်းခဲ့တာ။
"အဟက်! ဒါဖြင့်လည်း ဘာလို့နော့်ကို လာပြောနေသေးလဲ သွားလေ မမမောင်ကို သွားပြော သွားရိုက်လေ "
"ဇွဲလရောင်!!! "
မျက်နှာဘေးကိုက ကုတ်ခြစ်ပစ်ချင်တဲ့အထိ။ ကိုယ်ထိလက်ရောက် ကျူးလွန်မိတာတောင် လွန်နေပြီမို့ အလင်းစိတ်တွေ ထိန်းထားရသည်။ ကိုယ့်မောင်ကို ဒေါသထွက်တာထက် ဇွဲလရောင်ကိုကျ မေးမေးပြီး ရိုက်ပစ်ချင်တဲ့အထိ။ ပတ်ဝန်းကျင်ကိုတောင် ဂရုမစိုက်အားဘဲ အလင်း အော်မိတော့သည်။
"အဲ့လိုဖြစ်နေတာကို မမလက်ခံနိုင်တယ်တဲ့လား ဇွဲလေး သိထားတာ ကြာနေပြီ ပဲခူးမှာထဲက သူတို့ဖြစ်နေတာ ကိုကြီးကွန့်ထူးက မမလက်ထပ်ရမယ့်သူလေ ဘာလို့ကိုကြီးရုဏ်ရုဏ်ကလည်း အဲ့လိုလုပ်နိုင်ရတာလဲ ဘယ်သူ့မျက်နှာကိုမှ မထောက် "
ВЫ ЧИТАЕТЕ
မောင့်အာရုဏ်ဦး // COMPLETE //
Любовные романыမောင်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော သူက မင်းပါ ရုဏ်ရုဏ် 💙💐 ကွန့်ထူးထည်ဝါ မောင့်အာရုဏ်ဦး coverartist = Pann Eain 💐 မောင်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော သူက မင်းပါ ရုဏ်ရုဏ်
