🎀 28 🎀

10.9K 600 37
                                    

ကုတင်ပေါ် အိပ်ပျော်နေတဲ့ ရုဏ်ရုဏ့်ကို တစ်ချက်ကြည့်ပြီး ဆံပင်လေးတွေ သပ်တင်ပေးရင်း အလင်း စိတ်ထဲကနေ တောင်းပန်လိုက်သည်။ သူ့ဘာသာ အခန်းထဲအောင်းနေတဲ့ ကလေးကို အပြင်ခေါ်ထုတ်ခဲ့မိလို့ ဒီလိုတွေ ဖြစ်ခဲ့ရတာ။ ဘယ်လောက်တောင် ကြောက်ရွှံ့နေခဲ့လို့ သူမကို အားကိုးတကြီး ဖြစ်နေခဲ့တာလဲ။ အလင်း တွေးကြည့်ရုံနဲ့ ကိုယ့်ကိုကိုယ်လည်း ဒေါသထွက်လာရသည်။ သူ့ကြောင့် ဖြစ်ခဲ့ရတာတွေ။ သူ့ဘာသာနေတတ်တဲ့ ရုဏ်ရုဏ့်ကို အတင်းလူကြားထဲ ဆွဲထည့်ချင်တာတွေ၊ ကိုယ့်မောင်အကြောင်း သိရက်နဲ့ အားမလိုအားမရဖြစ်ပြီး လူတွေနဲ့ ရောရောထွေးထွေး နေစေချင်ခဲ့တာတွေ။ မည်သို့ပင်ဖြစ်စေ စည်းမစောင့်တဲ့ ကြည်သာလွင်အကြောင်း တွေးမိပြန်တော့  ခက်ထန်တင်းမာနေတဲ့ မျက်နှာထားဖြင့် အပြင်မှာ ရပ်စောင့်နေသူတွေထံ ထွက်လာခဲ့လိုက်သည်။

"အ အလင်း "

"မမ အလင်း "

ထစ်ထစ်ငေါ့ငေါ့ဖြင့် ခေါ်လာသူက ကြည်သာလွင်။ ဇွဲလရောင်ကပါ အိမ်အပေါ်ထပ်ကို ရောက်နေပြီး အားနာတဲ့ မျက်လုံးတွေနဲ့ ကြည့်ကာ အလင်းကို ခေါ်လာ၏။ အလင်းက မျက်စောင်းခဲကာ ကြည့်လိုက်ရင်း

"အောက်ထပ်ကို ဆင်းလာခဲ့ ကြည်သာလွင်! "

အလင်းထက် ကြီးမှန်း ဒေါသထွက်နေချိန်မှာ နားမလည်နိုင်တော့။ ဒီအခြေအနေကို အလင်း ဘယ်လိုကိုင်တွယ်ရမှန်းမသိ။ တွေးကြည့်ရင် ဒါ အိမ်ပေါ်ထိတက်ပြီး ကိုယ့်မောင်ကို စော်ကားတာ။ကိုယ့်မောင်လေး စော်ကားခံရတာ။

"အလင်း စိတ်လျော့ပါအုံး အလင်းရယ် အကျယ်အကျယ်တွေ မဖြစ်တာ ကောင်းပါတယ် ပြီးတော့ မောင့်အာရုဏ်ဦးလေးအတွက်လည်း ရှိသေးတယ်လေ "

"အဲ့ကောင် နော့်မောင်ကို ဘယ်လိုပြောသလဲ အစ်မ ကြားသလား "

နောက်ဆုံးနှစ်အစ်မနှင့် တစ်ခြား အလင်းထက်ကြီးတဲ့ သူတွေက ဝိုင်းဝန်းပြောလာချိန်မှာ အလင်း ပြန်ပြောမိလိုက်တဲ့စကား။ လက်သည်းဆိတ်တော့ လက်ထိပ်နာသတဲ့။ လူဆိုတာ ကိုယ့်အသားထိမှ နာတတ်တဲ့အမျိုး။ ဒါကြောင့်လည်း ဒီလိုပြောထွက်နိုင်တာ။ ငြိမ်နေလိုက်လို့ ပြီးသွားတဲ့ကိစ္စမှ မဟုတ်တာ။

မောင့်အာရုဏ်ဦး // COMPLETE //Donde viven las historias. Descúbrelo ahora