🍃 20 🍃

14.9K 683 45
                                    

"မောင် ဖုန်းဆက်မယ်နော် "

"ဟင့်အင်း "

"ဘာလို့အမြဲတမ်း ငြင်းနေတာလဲ ရုဏ်ရယ် မမောဘူးလား ဟင်!"

"မ မမောဘူး "

မျက်တောင်တွေခတ်ရင်း ပြန်ဖြေပုံက မရဲတရဲ။ အသဲယားပြီး ဖျစ်ညှစ်မိရင်လည်း ဒီကကောင်အလွန် ဖြစ်တော့မှာ။ ဒီမျက်နှာနီနီရဲရဲလေးကိုဘဲ သူ့မှာ အပြန်ပြန်အလှန်လှန် ချစ်မဝဖြစ်နေခဲ့တာလေ။

"ဟား ~~~~ တကယ်ပါဘဲကွာ အိမ်ထဲဝင်တော့ အလင်းတို့နဲ့ အပြင်တွေ တအားမသွားနေနဲ့ ကြားလား "

"မသွားပါဘူး "

"အင်း စာလည်းသေချာကျက် စာမေးပွဲပြီးတဲ့နေ့ဖြစ်ဖြစ် မောင်လာခဲ့မယ် "

"ဘာလာလုပ်မှာလဲ "

"တွေ့ချင်လို့ပေါ့ "

"ဟင့်အင်း မရဘူး "

ကွန့်ထူး ဘာမှထပ်မပြောတော့ဘဲ ပြုံးကာ ကြည့်နေလိုက်တော့၏။ ဘာအကြောင်းကြောင့်နဲ့ဘဲ ငြင်းငြင်း မောင့်အပိုင်ဘဲ ဖြစ်လာမှာလို့တော့ ထပ်မပြောလိုက်တော့ပါဘူး။ ငိုသွားမှာ စိုးတာကြောင့်။ အခုတောင် စိုးထိတ်နေတဲ့ ပုံစံလေးနဲ့ ခြေဖျားလက်ဖျားလေးတွေ အေးစက်ပြီး တုန်ယင်နေတာမို့ ဘာမှမဖြစ်ကြောင်းကို အတန်ကြာ ချော့ပြောနေရသေးတာ။စိတ်လိုလက်ရ နမ်းရှိုက်မိပြီးတိုင်း ကွန့်ထူးထည်ဝါမှာ ဆံပင်မွှေးဖြူတော့မတတ်ချော့ရတော့တာ။ မနမ်းခင်လည်း ချော့ပြီးပြောရ။ နမ်းပြီးလည်း ချော့ရနဲ့ ဒါလည်း သူ့မှာ စိတ်ညစ်ညူးသွားတယ်လို့မရှိ။

"အိမ်ထဲဝင်တော့ မောင်ကြည့်နေမယ် "

"မောင်လို့မပြောနဲ့ "

"မပြောစေချင်ရင် မောင်လို့ခေါ်လေ "

"ဟာ~~ "

လှစ်ခနဲပြေးသွားတာများ အရိပ်တောင်မမှီလိုက်တော့။ ရှက်သွားတာ ဖြစ်မည်။ဒီကောင်ငယ်လေးဟာ သိပ်ကို အသဲယားစရာကောင်းတာ။ လှုပ်ရှားမှုများ တွေ့ရအုံးမလားလို့ ခဏကြာတဲ့အထိ စောင့်ကြည့်နေသော်လည်း အရိပ်အယောင်လေးတောင် မမြင်ရ။ စောင့်နေရတဲ့ ဂျိမ်းကိုလည်း အားနာနေပြီမို့ ကွန့်ထူးလည်း ကားကို မောင်းထွက်စေတော့၏။ ပူပူနွေးနွေး အနမ်းကို ပြန်စဥ်းစားမိတော့ ကွန့်ထူး နှုတ်ခမ်းထက် နှစ်နှစ်ခြိုက်ခြိုက် အပြုံးတွေ ပီပြင်လာ၏။ အသဲယားစရာကောင်းလွန်းတဲ့ ကောင်ငယ်လေးဟာ သူ့ရင်ခွင်ထဲမှာ တုန်ယင်နေခဲ့တာ။ဒါကိုစဥ်းစားမိတော့ သွားစွယ်ချွန်ချွန်တွေပါ ပေါ်တဲ့အထိ ရယ်မောမိတော့၏။

မောင့်အာရုဏ်ဦး // COMPLETE //Donde viven las historias. Descúbrelo ahora