🍄41 🍄

34K 962 51
                                        

ကလောမြို့ရဲ့ ရာသီဥတုက ချမ်းစိမ့်စိမ့်မို့ ကိုကိုက သူ့အနွေးထည်ကြီး ဝတ်ပေးထားတာကြောင့် ရုဏ်ရုဏ်တစ်ယောက် အနွေးထည်ထဲ နစ်မြှပ်နေသည်။ ကားတောက်လျှောက်မောင်းလာရတာကြောင့် ပင်ပန်းစွာ အိပ်ပျော်နေတဲ့ ကိုကို့ကို ရုဏ်ရုဏ် မြတ်နိုးစွာ စိုက်ကြည့်နေမိသည်။ တည်ကြည်ချောမောနေတဲ့ မျက်နှာ၊ ပိရိ​သေသပ်တဲ့ နှုတ်ခမ်းတွေ နဖူးပေါ် ဟိုတစဒီတစ ကျနေတဲ့ ဆံပင်လေးတွေက ရုဏ့်ရင်ကို အခုန်မြန်စေသည်။ ဒီကမ္ဘာပေါ်မှာ ရုဏ်ရုဏ်လောက် ကံကောင်းတဲ့သူ ရှိပါအုံးမလား။ ကိုယ်ချစ်နေရတဲ့သူက ကိုယ့်ကို ချစ်နေတဲ့အပြင် ပိုင်ဆိုင်ခွင့်ပါ ရထားတာလေ။ ဘယ်သူ့ကိုမှ ဘာအကြောင်းကိုမှ မတွေးဘဲ ကိုကို့ကိုဘဲ ကြည့်နေပေးဆိုတဲ့စကားကြောင့် ရုဏ်ရုဏ် ဘာကိုမှ မတွေးဘဲ ကိုကို့မျက်နှာကိုဘဲ ကြည့်နေမိတဲ့အချိန်မှာ ရုဏ့်ကို ကိုကိုဘယ်လောက်ချစ်လဲ သိလာလေဘဲ။ တစိမ့်စိမ့်ကြည့်ရင်း မြတ်နိုးတဲ့စိတ်ဖြင့် အိပ်ပျော်နေသူရဲ့ နဖူးထက် အနမ်းဖွဖွလေး ခြွေချလိုက်မိသည်။ နိုးသွားမှာလည်း စိုးရိမ်နေသေးတာ။ ဒုတိယအကြိမ် ပါးပြင်ပေါ် အနမ်းဖွဖွပေးပြီး အခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။

"အေးလိုက်တာ "

အနွေးထည်ကို လက်လေးတွေ ဖုံးထဲအထိ ဆွဲချလိုက်ပြီး လက်လေးပိုက်ကာ အိမ်အပြင်ဘက်ကို ထွက်လာခဲ့လိုက်သည်။
ကလောမြို့ရဲ့ ရာသီဥတုက အေးစိမ့်စိမ့်နဲ့ရယ်။

"အို "

အမျိုးစုံသော နှင်းဆီပန်းတွေ၊ တစ်ထပ်တိုက်ဖြူဖြူလေးရဲ့ အိမ်ရှေ့ မြက်ခင်းစိမ်းလေးပေါ်မှာ နှင်းဆီးပန်းတွေ စိုက်ပျိုးထားပုံများ အစီအရီ လှလှပပ။ ခြံစည်းရိိုးတစ်လျှောက်ကို နှင်းဆီဖြူတွေ စိုက်ထားတာဖြစ်ပြီး အပွင့်ကြီးကြီးတွေနဲ့မို့ မျက်ဝန်းထဲ လှပလို့နေသည်။ ဝင်လာတုန်းက သတိမထားမိလိုက်တာတွေ။

"ဒီလောက်အချိန်အတွင်း ဘယ်လိုလုပ်ပြီး "

တကယ်ကို ပန်းပွင့်အကြီးကြီးတွေနှင့် ပွင့်ဖူးနေတာမို့ ရုဏ်ရုဏ်မှာ ပါးစပ်လေးတောင် ပွင့်ဟပြီး အံ့သြနေမိသည်။ ကိုကိုက တကယ်ကို နှင်းဆီတွေကို နှစ်သက်လွန်းတာဘဲ။ တစ်အိမ်လုံး တအံ့တသြဖြင့် လိုက်ကြည့်နေမိပြီး ပန်းလေးတွေကို လိုက်ထိကြည့်နေမိသည်။

မောင့်အာရုဏ်ဦး // COMPLETE //Dove le storie prendono vita. Scoprilo ora