Zawgyiရှီလာတိုင်းပြည် Kim မင်းဆက် အုပ်စိုးစဉ်ကာလ
~အား~
ပြေးလွှားရတာ ကြာမြင့်ပြီဖြစ်သော ခြေအစုံသည် သစ်မြစ်တစ်ခုနဲ့ တိုက်မိရာတွင် နာကျင်မှုနဲ့အတူ မြေပြင်ပေါ်သို့ အတုံးအရုန်းလဲသည်။
"အရှင့်သား ထိခိုက်သွားသေးလား"
"ရတယ် ငါဘာမှမဖြစ်ဘူး"
စိုးရိမ်မှုအပြည့်နဲ့ မျက်ဝန်းနက်တစ်စုံအား သူအဆင်ပြေပါကြောင်းပြော၍ လက်ဖဝါးတစ်ဖက်ကို ပြန်လည်ဆုပ်ကိုင်ထားလိုက်သည်။
~ဒုန်း~ဒုန်း~ဒုန်း
"မြင်းခြေသံတွေနီးလာနေပြီ အရှင့်သား လုံခြုံတဲ့နေရာကိုအရင်သွားပါ ကျွန်တော်မျိုးပဲ အချက်ပြမယ့်နေရာကို သွားလိုက်ပါ့မယ်"
Kim၏ ခက်ထန်သွားသည့် အကြည့်စူးစူးတွေဟာ အာဏာစက်တို့ပြည့်နှက်နေပြီး ဒေါသကြောင့် နှတ်ခမ်းဖူးဖူးတွေဟာ တဆက်ဆက်တုန်ရီလာသည်။
"တိတ်စမ်း ဖီဟန်း.......ဒီကနေ တစ်ယောက်တည်းသွားရင် ဘယ်လောက်အန္တရာယ်များသလဲ မင်းမသိတာလည်းမဟုတ်ဘူး ပြီးတော့ ငါ့လို အိမ်ရှေ့စံက အားလုံးကိုပစ်ပြီးပုန်းနေရလောက်တဲ့အထိ သွေးမရှိတဲ့လူမဟုတ်ဘူး"
"ဒါပေမယ့်"
"ဒါပေမယ့်တွေဘာတွေ ငါမကြားချင်ဘူး ဖီဟန်း ရှီလာတိုင်းပြည်ရဲ့ ဘုရင်အလောင်းအလျာအနေနဲ့ ငါ Kim အမိန့်ပေးမယ်"
ချက်ချင်းကို ကိုယ်ရှိန်သတ်ပြီး ဒူးထောက်ကာ ရင်ဘက်ပေါ်လက်တင်၍ ခေါင်းငုံ့လျက် အမိန့်ကို နာခံသည့် ဖီဟန်း။ တစ်နည်းအားဖြင့် အိမ်ရှေ့စံ Kim၏ ချစ်ရသူ။
"ဟောကိန်းအတိုင်း အထွဍ့်အမြတ်ကြယ်စင် ကြွေပြီးတဲ့အချိန်ထိ မင်းငါ့နားကနေ တစ်ဖဝါးမှ ခွာဖို့မစဉ်းစားနဲ့ အကယ်၍ အသက်သေရမယ်ဆိုရင်တောင် ငါ့အရိပ်၊ ငါ့လက်ပေါ်မှာပဲ သေရမယ် ဒါအမိန့်ပဲ"
"အရှင့်သားရဲ့ အမိန့်တော်ကို နာခံလျက်ပါ"
ဒူးထောက်ထားသည့် ဖီဟန်းကို ဆွဲထူပြီး လက်ကိုတင်းကျပ်စွာဆုပ်ကိုင်လျက် တောနက်ထဲ ဆက်လျှောက်လာသည်။
