Zawgyi
လေးလံနေသည့် မျက်ခွံတွေကို အားယူဖွင့်သည်နှင့် ဦးစွာ မျက်နှာကျက်အဖြူရောင်ကိုသာမြင်ရ၏။
ထရန်ပြင်ချိန် လက်ဖျံမှာထိုးသွင်းထားသည့် အပ်ကိုသတိမပြုမိတာကြောင့် ဆစ်ခနဲစူးတက်သွားသည်။
ထိုးကိုက်နေသည့်ခေါင်းကိုဖိရင်း ပတ်ဝန်းကျင်ကို ဝေ့ဝှိုက်ကြည့်လိုက်ပြီး တစ်ယောက်ယောက်ကို ခေါ်ရန်ပြင်သော်လည်း ခြောက်ကပ်နေသည့် လည်ချောင်းကြောင့် အသံသည်တိုးလျလျသာ ထွက်လာ၏။
"လူရှိလား"
ထိုအချိန် အခန်းထဲဝင်လာသည့် Kooသည် ကုန်းရုန်းထနေသည့် SeokJin အနားသို့ အလျင်အမြန်ပြေးလာ၍ ထူ၏။
"Hello ဇီး SeokJin သတိရလာပြီ ဆရာဝန်ကိုအကြောင်းကြားလိုက်"
ဖုန်းကို ဘောင်းဘီအိတ်ထဲ ပြန်ထည့်ပြီး မျက်နှာမကောင်းသည့် SeokJin ကို စိုးရိမ်စွာ မေးလာ၏။
"အဆင်ပြေလား တစ်နေရာရာက နာနေတာမျိုးရှိလား"
"ရေ"
" အင်း အင်း ခဏလေး "
စားပွဲပေါ်က ရေခွက်ထဲ ရေအနည်းငယ်ဖြည့်ပြီး အဆင်သင့်ရှိနေတဲ့ ဂွမ်းစကို ရေစွတ်ကာ ခြောက်သွေ့နေတဲ့ SeokJin၏ နှုတ်ခမ်းဝကနေ ရေစိုရုံမျှသာ တိုက်ပြီး
"ရေအများကြီးမသောက်နဲ့အုံး လည်ချောင်းရှင်းရုံလောက်ပဲသောက် ခဏနေ ဆရာဝန်လာလိမ့်မယ်"
အသာအယာခေါင်းညိမ့်ပြတော့ ဂွမ်းစနဲ့ နောက်ထပ်ရေအနည်းငယ်ကို တိုက်နေချိန် ဇီလန်နဲ့အတူ ဆရာဝန်တချို့ အခန်းထဲသို့ဝင်လာ၏။
"လူနာက ထိခိုက်ဒဏ်ရာ သိပ်မရှိပေမယ့် သတိမလည်တော့ ကိုမာဝင်သွားမှာကို စိုးရိမ်နေတာ အခုတော့ အဆင်ပြေသွားပါပြီ"
မတော်တဆလက်ထောက်မိလို့ သွေးစို့သွားတဲ့ အပ်ကို သူနာပြုက ပြန်လဲပေးသည်။
"ဒါပေမယ့် လူနာရဲ့ နှလုံးခုန်နှုန်းက သိပ်မမှန်ဘူး အချိန်ရရင် ဆေးရုံကြီးမှာ သေချာစစ်ဆေးကြည့်ဖို့ ဆရာဝန်တစ်ယောက်အနေနဲ့ အကြံပြုချင်ပါတယ်"
"ဟုတ်ကဲ့"
ဆရာဝန်ထွက်သွားတော့ ဇီလန်က ကုတင်ပေါ် ထိုင်ပြီး ငိုမဲ့မဲ့ဖြစ်နေ၍ Kooက SeokJin လက်ကိုကိုင်ရင်း။
