Zawgyi
" ဇီး ငါ့ကို ဒီအပိုင်းလေး ပြန်ရှင်းပြအုံး"
စာအုပ်ဖွင့် ခေါင်းချင်းစိုင်ပြီး စာစုလုပ်နေကြသော သူတို့အုပ်စုထဲတွင် Kimနှင့် Jimin မပါဝင်ခဲ့ပြန်ချေ။
"Hello"
"............"
"ဟုတ်ပါတယ် ကျွန်မ ဘီဇီလန်ပါ"
"............"
"ရှင်"
ဖုန်းချပြီး လွယ်အိတ်ထဲ စာအုပ်တွေအမြန်ကောက်သိမ်းနေသည့် ဇီလန့်ကို Joonနှင့် Jungkook နားမလည်စွာကြည့်ရင်း
"ဘာဖြစ်တာလဲ "
"နင်တို့ပါသိမ်း ဟိုကောင် Jimin အချုပ်ထဲမှာတဲ့"
" ဘာ !.....သူက ဘာလို့အချုပ်ထဲရောက်နေတာလဲ"
"လူရိုက်မှုတဲ့ ဟိုရောက်မှ မေးတော့ သွားမယ်"
ရဲစခန်းရှေ့ ကားတစ်စီးဟာ အရှိန်ဖြင့် ဝင်ရပ်ပြီးနောက် သုံးယောက်လုံး အထဲသို့ဝင်လာခဲ့သည်။
"Jimin Wanitanasi ကို အာမခံနဲ့ ထုတ်ချင်လို့ပါ"
"ရပါတယ် ခံဝန်ထိုးပြီးရင် ခေါ်သွားလို့ရပါပြီ နစ်နာသူဘက်က မကျေချမ်းဘဲ တရားစွဲတာမျိုးရှိနိုင်တာမို့ ဒီနှစ်လအတွင်း နိုင်ငံခြားထွက်ခွင့်တော့ ပိတ်ထားပါမယ်"
"ဟုတ်ကဲ့ "
ရဲသားတစ်ဦးက Jimin ကိုခေါ်လာတော့ ပေစောင်းစောင်းဖြင့် ခုံမှာထိုင်၏။
"နစ်နာသူနဲ့ တွေ့ချင်လို့ ဘယ်လိုဆက်သွယ်ရမလဲရှင့်"
"နစ်နာသူက အခု ဆေးရုံမှာပါ လူချင်းတွေ့ ပြီး ဆွေးနွေးကြပေါ့"
စခန်းက ပြန်ထွက်လာတော့လည်း ကားပေါ်ထိုင်ရင်း Jimin Jungkook ကို ကြည့်မနေ။
"ဆေးရုံကိုမောင်း ဇီး"
"မလိုဘူး မမောင်းနဲ့ တမင်ရိုက်လာတာ"
"Jimin မင်းခေါင်းမမာနဲ့စမ်း"
~တောက်ခ်~
ကားပေါ်က ဆင်းသွားသည့် Jimin ကို ဘယ်သူကမှ တားမရသည့်အဆုံး သူတို့ချည်းသာ ဆေးရုံထဲသို့လာခဲ့ရသည်။
ဆေးကောင်တာမှာ စုံစမ်းပြီး လူနာကုတင်ကိုရောက်ချိန် ပက်တီးအဖွေးသားဖြင့် လှဲနေသူသည် တခြားသူမဟုတ်ဘဲ Jungkook၏ ဦးလေးသာဖြစ်၏။

BINABASA MO ANG
ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH
Fanfictionမည်သူ့အချစ်သည် ပိုကြီးမြတ်ခဲ့ပါသနည်း။ ~NamJin~