Zawgyiနေရောင်ခြည်စူးစူးသည် မျက်နှာပေါ်ကို တိုက်ရိုက်ကျရောက်တော့ အိပ်မောကျနေရင်းကနေ အသိစိတ်ကပ်လာသည်။
မျက်လုံးဖွင့်ကြည့်လိုက်တော့ မျက်နှာကျပ်အဖြူရောင် ခပ်ညစ်ညစ်ရယ် ပင့်ကူမျှင်အနည်းငယ်ရယ်က မနက်ခင်းအစကိုကြိုဆိုသည်။
နေရောင်ထိုးနေသည့် ပြတင်းပေါက်ကို ထပိတ်ရမှာ ပျင်းတာကြောင့် ကျောခိုင်းပြီးသာ နေလိုက်သည်။
ညာဘက်ကို လှည့်သည်နှင့် ကလေးငယ်လို ပါးစပ်လေးအနည်းငယ်ဟလျက် အိပ်ပျော်နေသည့် Joonဆိုသည့်ကောင်လေးအားတွေ့လိုက်ရသည်။
ကြည်လင်နေသည့် မဖြူမညိုအသားအရေ၊ ပေါများလှစွာသော မှဲ့နက်တွေနှင့် ဆင်းနေသည့် မျက်တောင်ရှည်လေးတွေဟာ Kim SeokJin အသေးစိတ်ငေးရန်အတွက် လုံလောက်သော အနုပညာ တစ်ခုဖြစ်ခဲ့သည်။
အစိတ်အပိုင်းတစ်ခုစီကို ငေးကောင်းကောင်းနှင့်ငေးနေချိန် ရုပ်တရက်ပွင့်လာသော မျက်ဝန်းနက်သည် ချက်ချင်းပင် ဘာကြည့်နေတာလဲဟူသော အကြည့်များဖြင့် ကြည့်လာသည်။
ခိုးကြည့်တာမဟုတ်ပေမယ့်လည်း လူမိသွားတော့ ရှိတဲ့ မာနလေးရှေ့ထားပြီး မျက်တောင်မခတ်ဘဲ ထပ်၍စိုက်ကြည့်နေလိုက်သည်။
"မိုးလင်းစောစောစီးစီး ဘာလဲ ခဗျားက......ဘာလာကြည့်နေတာလဲ"
ထိုအခါမှ ကိုယ်ကိုအနည်းငယ်လှုပ်ပြီး အခုမှနိုးလာသလိုလိုပုံစံဖြင့် ထထိုင်လိုက်ကာ မျက်ခုံးတွန့်ချိုးလျက် Joonအားပြန်စူးစိုက်ကြည့်လိုက်သည်။
"ဘယ်သူကကြည့်နေလို့လဲ မင်းကို....ငါက မျက်လုံးဖွင့်အိပ်တက်တာ"
ထပ်အထွဋ်တက်ပြောချင်သော်လည်း မျက်လုံးဖွင့်အိပ်တက်သည့်လူတွေက ရှားပေမယ့် တကယ်ရှိတာကြောင့် စိတ်လျော့လိုက်ပြီး ကျောခိုင်း၍ ပြန်အိပ်ရန်လုပ်လိုက်တော့သည်။
ဟိုဘက်လှည့်သွားသည့် ကျောပြင်လေးအား Kim တချက်ကြည့်ကာ နာရီဝက်မျှပြန်အိပ်ပြီးတဲ့အချိန်မှာတော့ ပထမဆုံးကျောင်းတက်ရက်ကို စတင်ရန်အတွက် Kim SeokJin ပြင်ဆင်ကာထွက်လာခဲ့လိုက်တော့သည်။
