27🖤 [ Final ]

363 28 8
                                    


Zawgyi

လေးလံလှသော မျက်ခွံကို အားယူကာ ဖွင့်ရင်း ညီးထွားသံသဲ့သဲ့ဟာ အခန်းအတွင်းပျံ့နှံ့နေခဲ့သည်။

"Joon"

ခြောက်ကပ်နေသော လည်ချောင်းက အားယူပြောသော်လည်း တိုးညှင်းသော အသံသာထွက်လာ၏။

"Hello ဟုတ်ကဲ့ အရေးပေါ်ဆောင် အခန်းနံပါတ်3ကပါ လူနာ သတိရလာပြီရှင့်"

ဘေးက သူနာပြု၏ အသံကို ပြတ်ပြတ်သားသားကြားနေရပြီး ခန္ဓာကိုယ်ကတော့ အားမရှိသည့်နှယ် လှုပ်ရှားရန်ခက်ခဲလှ၏။

မကြာခင်အချိန်အတွင်း အခန်းထဲ ဝင်လာသည့်ဆရာဝန်က Kimမျက်လုံးထဲ ဓာတ်မီးအသေးဖြင့်ထိုးကြည့်ရင်း နားကြပ်ဖြင့် စမ်းသပ်နေသည်။

" သတိရလာပြီဆိုတော့ စိတ်ချရပါပြီ လူနာရဲ့ဒဏ်ရာက မခံမရက်နိုင်အောင် ကိုက်တာတို့ နာတာတို့ဆိုရင် ကောင်တာကနေတစ်ဆင့်ဆက်သွယ်ပေးပါခင်ဗျ"

ဆရာဝန်ထွက်သွားပြီးမှ မေမေက အနားမှာထိုင်ရင်း Kim ဆံပင်တွေအား သပ်တင်ပေး၏။

"မသေကောင်းမပျောက်ကောင်း သားရယ်"

"မေမေ"

"ဘာလိုလို့လဲ သားငယ် ဒဏ်ရာကနာနေသေးလို့လား"

ဝမ်းဗိုက်က နာကျင်မှုအနည်းငယ်ကို ခံစားရပေမယ့် ခေါင်းခါပြလိုက်ရင်း

"Joonရော......သူဘယ်မှာလဲ"

"Kim Joonက ဘေးအခန်းမှာ အခုထိ သတိမလည်သေးဘူးသား"

"အ့"

ခန္ဓာကိုယ်အား လှုပ်ရှားလိုက်သည်နှင့် ချုပ်ရိုးနေရာက စစ်ခနဲနာကျင်သွားရ၏။

"ဆရာဝန်က လှုပ်လှုပ်ရှားရှားမနေခိုင်းဘူး သားငယ် ဘာလိုချင်လို့လဲ မေမေယူပေးမယ်လေ"

"Joonကို သွားကြည့်ချင်တယ်"

Kim၏ ခေါင်းမာလွန်းသည့်အကျင့်အားသိသော မီဆူသည် သူနာပြုအား ဝှီးချဲ စီစဉ်ခိုင်းပြီးနောက် ဘေးအခန်းသို့ ရောက်လာခဲ့ကြသည်။

အောက်စီဂျင်ပိုက်တွေဖြင့် သတိပြန်မလည်သေးသူသည် အပူအပင်မရှိဘဲ အိပ်စက်နေသကဲ့သို့ အေးချမ်းလှ၏။

ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH Donde viven las historias. Descúbrelo ahora