Zawgyi"ခေတ်အခါတိုင်းမှာ သူရဲကောင်းတွေ၊ အထင်ကရ ဘုရင်တွေနဲ့ မင်းညီမင်းသားတွေကအများအပြားကို ပေါ်ထွန်းခဲ့တယ်။ Sam အခုပြောမယ့် အကြောင်းက သမိုင်းကနေပျောက်လုနီးနီးဖြစ်နေခဲ့တဲ့ ရှီလာတိုင်းပြည်အကြောင်းပဲဖြစ်တယ်"
Sam ပြောနေချိန် အတွေးတွေပျံ့နေသည့် Joonသည် ရှီလာတိုင်းပြည်ဟူသော စကားကြောင့် အာရုံပြန်စူးစိုက်လိုက်သလို ကိုယ်အတွင်းမူမမှန်သည့် ခံစားချက်ကိုလည်း ရုတ်တရက်ခံစားလိုက်ရသည်။
"ရှီလာတိုင်းပြည်ကို Kim SaeJeon မင်း အုပ်စိုးစဉ်ကာလမှာ စစ်ပွဲတွေအလီလီကျရောက်ခဲ့သလို အဲ့ဒီထဲ ခီဝမ်တိုင်းပြည်နဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲက အပြင်းထန်ဆုံးဖြစ်ခဲ့တယ်"
တဖြည်းဖြည်းနဲ့ နားထောင်လေလေ Joonအသက်ရူသံတွေမြန်လာလေဖြစ်သည်။
"ခီဝမ်တပ်နဲ့တိုက်ပွဲအပြီး ရန်သူဘက်ကခေါင်းဆောင်ကို အရက်စက်ဆုံးသေဒဏ်ပေးပြီးတဲ့နောက်မှာတော့ Kim SaeJeon ဘုရင်ဟာလည်း စည်းစိမ်ဥစ္စာရာထူးများကို စွန့်လွတ်ပြီး တောထဲတွင်သာ နေထိုင် တရားအားထုတ်ရင်း ဘဝနေဝင်ချိန်ကို ဖြတ်သန်းခဲ့တယ်။
အကြောင်းကတော့ တိုက်ပွဲအတွင်း Jin SaeJeon ဘုရင်ရဲ့ သားတော်ဖြစ်သူ အိမ်ရှေ့စံ အရှင့်သား Kimဟာ တစ်ဖက်ရန်သူတွေကြောင့်အသက်ဆုံးရှုံးခဲ့ရတာကြောင့် ဖြစ်တယ်"
~ဒုန်း~
စားပွဲခုံအားထိုးလိုက်သည့် အသံကျယ်ကြောင့် တစ်ခန်းလုံးကလူတွေ Joonစီကိုအကြည့်ရောက်လာကြသည်။
"ဘုရင်ငယ်လို့ခေါ်စမ်း အရှင့်သား Kimဆိုတာ ဖီဟန်း တစ်ယောက်တည်းပဲ ခေါ်ခွင့်ရှိတယ်!!"
"Kim Joon!! စာသင်ခန်းဟာ မင်းထင်ရာစိုင်းရမယ့်နေရာမဟုတ်ဘူး နေရာမှာပြန်ထိုင်"
"နောက်တစ်ခါ အရှင့်သား Kimလို့ ထပ်မထွက်လာစေနဲ့ အရှင့်သားက ရန်သူတွေကြောင့်အသက်ဆုံးရှုံးတာမဟုတ်ဘူး။ သူချစ်ရသူနောက်ကို ပြတ်ပြတ်သားသားဆုံးဖြတ်ပြီးမှ လိုက်သွားခဲ့တာ သူ့အချစ်တွေကို အသက်နဲ့ရင်းပြီးသက်သေပြသွားတာ သမိုင်းကို မသိရင်တောင် ပါးစပ်နဲ့လွယ်လွယ်မပြောနဲ့"
