Zawgyi
ဒုတိယနှစ်တွင်တော့ ပထမနှစ်နဲ့ ခြားနားစွာ ကျောင်းထဲဝင်ခဲ့သော ခြေလှမ်းတွေသည် တက်တက်ကြွကြွ။
Joonကျောင်းထဲရောက်တဲ့အချိန် ပုခုံးကိုလာဖက်တော့ လက်တစ်စုံသည် ရင်းနှီးသော အငွေ့အသက်များအပြည့်။
Kimလက်တွေ Joonပုခုံးပေါ်ရောက်ပြီးမကြာခင် နောက်လက်တစ်စုံကလည်း Kimပုခုံးပေါ်ရောက်လာခဲ့သည်။ ပြီးနောက် သုံးယောက်ကြားထဲ အရှိန်ဖြင့် ပြေးလာတွဲခိုသော ကောင်မလေးကြောင့် အရှိန်လွန်ပြုတ်မကျအောင် ထိန်းလိုက်ရသည်။
ဤပုံရိပ်တွေသည်လည်း မိနစ်ပိုင်းအတွင်း နတ်ကွန်းလေးယောက်ပြန်ဆုံခြင်းဟူသော captionနှင့် groupထဲပျံ့နှံ့သွားတော့သည်။
"Attention please"
Sam အသံကြောင့် ယခုမှပြန်တွေ့လို့ တွတ်တီးပြောနေကြသော စကားသံတို့သည် တိတ်ကျသွားသည်။
"ဒုတိယနှစ်မှ ကျောင်းပြောင်းလာတဲ့သူတွေ အများကြီးရှိပေမယ့် Samတို့ ဒီအခန်းကို ပြောင်းလာတဲ့ကျောင်းသားအသစ်က တစ်ယောက်ပဲရှိတယ်....Kim SeokJin တို့အဖွဲ့က တစ်ယောက်လိုနေတာမလား အသစ်လေးကို အဖွဲ့ထဲထည့်လိုက်နော်"
လေးယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
သေချာပေါက် မေးခွန်းတစ်ခုထဲက တွေးနေကြသည်မှာလည်း ကျိန်းသေပေါက်ပင်။
ကျောင်းသားသစ်သည် သူတို့နှင့် ကီးကိုက်ပါ့မလားဆိုတာ။
"ဝင်ခွင့်ပြုပါခင်ဗျ"
အခန်းထဲဝင်လာသော ကျောင်းသားသစ်သည် အသားဖြူဖြူ၊ မျက်လုံးမို့မို့၊ ဆွဲဆောင်မှုရှိသောအပြုံးတွေနှင့် အခန်းထဲရှိလူတွေ၏အမြင်အာရုံအား ဖမ်းစားသွားသည်။
ပြုံးလိုက်တိုင်း မျက်လုံးတွေမှိတ်ကျသွားသော ကောင်လေးသည် Kimတို့ ရှိရာကိုကြည့်၍ အစွမ်းကုန်ပြုံးပြနေခဲ့ပါသည်။
"Jimin? "
" သိလို့လား Joon"
"အင်း အလယ်တန်းထဲကသူငယ်ချင်း"
"မင်္ဂလာပါခင်ဗျ ကျွန်တော်က Jimin Wanitanasi (ဝနီထနာစီ)ပါ ထိုင်းကနေပြောင်းလာတာဖြစ်ပြီး ကိုးရီးယား၊ထိုင်း ကပြားပါခင်ဗျ....နာမည်ရှည်ရင် Jimin လို့ပဲခေါ်ပါ"
